"အချစ်ကို ဘာနဲ့ ပြုလုပ်ထားလို့ အချစ်ကို လူတိုင်းက ငမ်းငမ်းတက်နေကြတာလဲ"
"ရိုင်းလိုက်တဲ့ အသုံးအနှုန်းပဲ မောင်မင်း! ငါကိုယ်တော်ရှေ့ ဘာလို့ ဒီအသုံးအနှုန်းကို သုံးရဲရတာလဲ"
"အရှင်မင်းကြီး ငမ်းငမ်းတက်ဆိုတဲ့ အသုံးအနှုန်းက ရိုင်းတဲ့ အသုံးအနှုန်း မဟုတ်ပါ အရှင်မင်းကြီး...အရှင်မင်းကြီးကို ကျတော်မျိုး အသည်းနင့်အောင် ချစ်မိနေကြောင်းပါလို့ လျှောက်တင်ရင်တောင် ထိုလျှောက်တင်ချက်က ရိုင်းစိုင်းတာ မဟုတ်သေးပါဘူး အရှင်မင်းကြီး"
"ရဲတင်းလိုက်တာ မောင်မင်းက!! ဘယ်လိုများ ငါကိုယ်တော်ကို ဘယ်လိုများ ယခုလို လျှောက်တင်ဝံ့ရတာလဲ!"
"အရှင်မင်းကြီး စဥ်းစားတော်မူပါ ကျတော်မျိုး အရှင့်ကို အကြံပေးလိုပါတယ်...အချစ်ဆိုတာက အရှင့်အတွက် ထိပ်တန်း ဦးစားပေးအရာ ဖြစ်နေလို့မရပါဘူး...ဘုရင်တစ်ပါး အနေနဲ့ အခြားတိုင်းပြည်က မင်းတစ်ပါးကို မိုးမမြင် လေမမြင် ချစ်နေပြီး တိုင်းပြည်ပါ ပါသွားမယ့်အရေးကိုတော့ ကျတော်မျိုး ရဲရဲဝံ့ဝံ့ကို လျှောက်တင် တားမြစ်သွားရမှာပါ"
အကြံပေးအမတ်ရဲ့ လျှောက်တင်မှူ အဆုံး ဘုရင်လေးဟာ ဘေးနားက ဓားကို ဆွဲကိုင်ကာ လှေကားထစ်တွေအတိုင်း ဆင်းလာလေတဲ့အခါ ဆံနွယ်ရှည်တွေဟာ လေထဲမှာ ဝဲလို့ရယ်...
ဓားနဲ့ အကြံပေးအမတ်ရဲ့ လည်ပင်းတွေကို ချိန်ထားလိုက်တယ်။
ချိန်ရွယ်ထားတဲ့ လက်တွေဟာတော့ တကယ်ကိုပင် တုန်ရီနေခဲ့ပါတယ်။"စကားကို ဆင်ခြင်ပြီး ပြောလိုက်စမ်း!! တိုင်းပြည်ကို ပေးလိုက်ရတဲ့အထိအောင် ငါရူးမနေဘူး၊ တိုင်းပြည်က တိုင်းပြည်သပ်သပ် ငါ့နှလုံးသားနဲ့ ငါ့အချစ်က သပ်သပ်! "
"အရှင်မင်းကြီး ခုတ်ချင်ရင် ကျတော်မျိုး လည်ပင်းကို အပိုင်းပိုင်းပြတ်သွားအောင် ခုတ်ပစ်လိုက်ပါ...ကျတော်မျိုး
လျှောက်တင်လိုပါ၏။ ကျတော်မျိုး မင်းကြီးကို ရူးမတတ် ချစ်နေကြောင်းပါ...သို့ပေမဲ့သော်ငြား မဖြစ်နိုင်တာကို ကျတော်မျိုးသိနေပါတယ်...ကျတော်မျိုးနဲ့ အရှင်မင်းကြီးက အများကြီး ကွာခြားမှုတွေ ရှိနေတာက်ို ရင်နာနာနဲ့ပဲ လက်ခံခဲ့ပြီး မင်းကြီးကို အနီးကပ် ခစားပြီး အကောင်းဆုံး ဖြစ်စဥ်တွေပဲ မင်းကြီး ဖြစ်ရဖို့ ရိုင်းပင်းသွားဖို့ ကျတော်မျိုး အသင့်ရှိနေတာပါ...မင်းတစ်ပါးအနေနဲ့ ကြငတောတော်တွေ၊ မိဖုရားတွေ ရှိလာမယ်ကို
သိပေမဲ့ ရင်နာနာပဲ ကျတော်မျိုး ရပ်ကြည့်နေမှာပါ...ဒါပေမဲ့
ယခု မင်းကြက တိုင်းတစ်ပက မင်းတစ်ပါးကို ချစ်နေခြင်းသည် မသင့်လျော်ပါ...အချစ်က လွှမ်းမိုးလာတဲ့အခါ ဘာကိုမှ ခွဲခြားနိုင်တော့မှာ မဟုတ်ပါဘူး...မင်းကြီးကို ယခုလို လျှောက်လို့ ကျတော်မျိုးကို သတ်မယ်ဆိုလည်း ယခုပင့ သတ်တော်မူပါလော့"