လေယာဉ်လေး မြန်မာ့မြေပေါ် (ရန်ကုန်) စိုက်သွားပြီးနောက် ရှမ်းပြည်ကို သွားရန် လေယာဥ်ကို ထပ်စီးရမည် ဖြစ်သည်။
နောက်ထပ် လေယာဉ် ထပ်စီးရပြန်တော့လည်း မင်နဲ့ နေရောင်ခြည်လေးဟာ ခုံတူနေပြန်သည်။
နှစ်ယောက်သားက သဘောတကျ ဖြစ်နေကြရင်းနဲ့သာ ရှမ်းပြည် လေဆိပ်ကို ရောက်သွားကြတော့သည်။ လေယာဥ်စိုက်ပြီးတော့ ရှမ်းပြည်မို့ ကိုရီးယားနဲ့ ရာသီဥတု ချင်းကသိပ်မကွာလှ။ နေရထိုင်ရ အဆင်ပြေလှသည်။
တည်းမဲ့ Hoteကလည်း တစ်ခုတည်း...
ဖြစ်ချင်တော့ အခန်းချင်းကလည်း ကပ်ရပ်...အခန်းမှာ ကိုယ်စီ နေရာယူပြီးကြပြီးနောက် ထိုညက ဂျီမင်နဲ့ နေရောင်ခြည်လေးတို့ စကားတွေ ဖောင်ဖွဲ့ကာ ည ၁၁နာရီမှ အိပ်စက်ဖို့ရန် အခန်းထဲ ပြန်ဝင်ခဲ့ကြတယ်...
အခန်းထဲရောက်တော့ ဂျီမင်ဟာ တန်းအိပ်ခဲ့ပေမဲ့ နေရောင်ခြည်လေးကတေ့ လိုင်းပေါ်က group chatမှာ စာတစ်ချို့ ရေးဖို့ပြင်လိုက်တယ်။
အ့ group chatက ဆရာဝန်တွေ ချည်းပဲ ဖွင့်ထားတဲ့ group chatပေါ့...အ့ group ထဲမှာ နေရောင်ခြည်လေးကို ရည်ရွယ်ပြီး တင်ထားတဲ့ စာကြောင်း တစ်ချို့ရှိနေခဲ့သေးတယ်...
"Jung Ho Seok ရေ...နင်မလာသေးဘူးလား..."
"Hoseokieရေ နင်ဘယ်ရောက်နေပြီလဲ..."
"ဟဲ့ Hopeက လမ်းပျောက်နေတာလား..."
"Hoseok Hyungရေ...ရောက်ရင် ဖုန်းဆက်နော်..."
"senior J hope shi...ရောက်ရင် စာပို့ပါဦး"
အစရှိသဖြင့် နေရောင်ခြည်လေးကို မျှော်နေကြတဲ့ စာကြောင်းလေးတွေကို ရေးထားကြသည်။
နေရောင်ခြည်လေးက ထိုစာများကိူ ဖတ်ရင်း တစ်ချင်ပြုံးလိုက်ပြီး... လှပလွန်းတဲ့ လက်ချောင်း ရှည်ရှည်လေးတွေနဲ့ စကားလုံး
တစ်ချို့ကို ပြန်ရိုက်နေလိုက်သည်။J hope:ဟေး...ယောရောဘွန်း...ကို ရောက်ပြီ...ဒါပေမဲ့ ကို့ကို ခွင့်လွှတ်ကွာ....ကို မင်းတို့နဲ့ အတူ မသွားဖြစ်တော့ဘူး...ကို့မှာ အဖော်ပါလာလို့...သူတစ်ယောက်တည်း ဖြစ်နေမှာ စိုးလို့ ...နော်..really sorryပါကွာ...