ချစ်ခြင်း နယ်ပယ်တွေက ကျယ်ပြောလှတယ်...အဆုံး မရှိဘူး..
ကောင်းကင်ကြီး ပြာတာက အကြောင်းပြချင် မရှိသလို ချစ်ခြင်းရဲ့ ရင်းမြစ်ကို မရှာနိုင်သေးပါဘူး...
ဒီစာသားတွေဟာ မိုချီလေး ကိုယ်တိုင် ရေးသားဖန်တီးထားတာ စာသားလေးများ...
တစ်နည်းအားဖြင့် ဂျောင်ကုကို ရည်ညွှန်းထားသော စာများ...
ဒါပေမဲ့ မိုချီလေး မသိခဲ့တာက ကောင်းကင်ယံဟာ အမြဲလိုလို တိမ်ဖြူတွေ လွှမ်းပြီး ဖြူနေတတ်တာကိုပေါ့...
ဂျီမင်:မင့်ကို ပြောစရာ ရှိတယ်ဆို Hyung
ကော်ဖီဆိုင်လေးကို လာခဲ့ရန် ဂျောင် ကုက ချိန်းဆိုထားတဲ့အတွက် မိုချီလေး ရောက်အောင် သွားခဲ့သည်။
ဆိုင်ရောက်တော့ မိုချီလေးထက် အရင် ဂျောင်ကုက ရောက်နှင့်နေပြီ...
ဂျောင်ကုက ထူးထူးခြားခြား bad boy type နဲ့ မဟုတ်ပဲ lovely boy လေးလို ပုံစံမျိုးနဲ့ စွဲဆောင်မှု ရှိနေတာ...
မိုချီလေးကလည်း အစိမ်းနုနုလေးနဲ့ ချစ်မဝစရာလေးပေါ့...
ထိုအစိမ်းနုရောင်ဟာ ဖြစ်ပေါ်လာမယ့် စိမ်းကား ခြင်းတွေရဲ့ သင်္ကေတ...
ဂျောင်:ဟုတ်တယ် မင်...ကို အရမ်း အရေးကြီးတဲ့ စကားကို ပြောမှာ
ဂျီမင်:ဘာများလဲ Hyung
ဂျောင်:အ့တာ မပြောခင် ဒီနေ့ မင်လေး အရမ်း ချစ်ဖို့ကောင်းနေတယ် ချစ်ဖို့ကောင်းလွန်းလို့ ငုံတောင် ငုံထားချင်တယ်...
ရည်းစားစကား မပြောခင် ဂျောင်ကုဟာ flirtပြီး လမ်းစပျိုးသည်။
ဂျောင်ကု စကားတစ်ခွန်း ပြောလိုက်တိုင်း ၁နှစ်စာလောက် ရူးရူး ရင်ခုန်သွားရသူက မိုချီမင်...
ဂျီမင်:nae...ကျေးဇူးပါ Hyung...Hyung လည်း အရမ်း ကြည့်ကောင်းတာပဲ...
ဂျောင်:တကယ်လား
ဂျီမင်: တကယ်ပါ မင် မလိမ်ပါဘူး
ဂျောင်ကုက ခပ်ဖွဖွလေး ပြုံးလိုက်ကာ
ဂျောင်: မင် ဘာလို့ ရည်းစား မထားသေးတာလဲ
ရုတ်တရက် မေးချလာတဲ့ ဂျောင်ကုရဲ့ မေးခွန်းကို မိုချိီလေး ဖြေဖို့ရာ အဆင့်သင့်မဖြစ်...