💛Jimin becomes pleasure for Jungkook💚

1.2K 130 2
                                    

​Question:ဂိမ်းဆိုင်လေး တစ်ဆိုင်ထဲက ကောင်လေး ချောချောလေး တစ်ယောက်ရဲ့ သီအိုရမ်ကို ဖော်ပြပါ။

Answer:မရှိပါ။

အမှန်တရားတွေဟာ ခါးကောင်း ခါးပါလိမ့်မည်။
သို့သော် ထိုအရာဟာ အမှန်တရားပင်တည်း။

ကိုရီးယားနိုင်ငံရဲ့ Top-7 သူဋေးတစ်ယောက်ရဲ့ သားဖြစ်ပြီး ပညာရေးလည်း ညံ့ဖျင်းတဲ့အပြင် အချိန်ပြည့် ဂိမ်းကိုပဲ ဆော့နေပြီး ရည်မှန်းချက်မရှိ။

သူ့ကိုယ်သူ ရည်ညွှန်းတဲ့ ပုံသေနည်းတွေ၊ သီအိုရမ်တွေလည်း မရှိဘူးဆိုတာကတော့ နည်းနည်း ရုပ်ဆိုးတာပေါ့။

ဒါဟာ ဂျောင်ကုရဲ့ အားနည်းချက် တစ်ရပ် ဖြစ်နေခဲ့တယ်။
မိဘတွေရဲ့ ဆူစရာ၊ ချစ်သူရဲ့ နှိမ်စရာ...ဂျောင်ကုရဲ့ အားနည်းချက်ကို ဖြည့်တွေးပေးပြီး နားလည်ပေးနိုင်တဲ့သူ မရှိသေး။

ဂျောင်ကုလည်း သူ့ကို နားလည်ပေးမဲ့ သူကို လိုချင်နေခဲ့တာ...

ဂျောင်ကုဟာ ဒီရက်ပိုင်း ပိုပိုပြီး ဆိုးလာတယ်။ တောက်လျှောက် ဂိမ်းနဲ့ မျက်နှာနဲ့ မခွာတော့ဘူး။

ဘယ်သူ ဘာပြောပြောလည်း ဂရုမစိုက်။ အိမ်မှာ ဆော့ရင် သူ့ Ommaက ဆူလို့ ပွားလို့ ဆိုပြီး ဂိမ်းဆိုင်မှာ သွားဆော့တယ်။

တကယ်တော့ ဒီလောက် အသည်းအမည်း ဂိမ်းဆော့နေတာက ဂျောင်ကု ထယ့်ကို လွမ်းနေလို့ပါ။

အတူ ရှိခဲ့ကြတဲ့ အချိန်တွေက နည်းတာမှာ မဟုတ်တာ။ ဘယ်လောက်ပဲ ရန်ဖြစ်နေခဲ့ကြတယ် ဆိုပေမဲ့ ချစ်ခဲ့ကြတာတော့ အမှန်ပဲလေ။

အချိန်တိုင်း လိုလို လွမ်းသည်။ လွမ်းတိုင်းလည်း ဂိမ်းဆော့သည်။ ဒါနဲ့ပဲ အချိန်တိုင်း ဂိမ်းဆော့ဖြစ်သွားသည်ပေါ့။

ဂိမ်းကလည်း ဆော့နေပေမဲ့ မနိုင်ပါ။ ၁၀ပွဲဆော့တာ ၉ပွဲရှုံးလာတဲ့အခါ စိတ်ပေါက်လာပြီး ဂိမ်းဆိုင်က ထွက်လာခဲ့တယ်။

ဂိမ်းဆိုင်ရှေ့ ရောက်တဲ့အခါ စိတ်တွေက ဆယ်ကျော်သက်လေးလို အခြား တစ်ဖက်ကို ရောက်သွားခဲ့သည်။

စိမ်း💔Tempat cerita menjadi hidup. Temukan sekarang