ဟာရီ:အ့အလုံးကြီးနဲ့ ပစ်ရင် အ့တိုင်တွေက ကြေသွားရောလားဟ ဂျောင်ကုရ!
ဂျောင်:ဟာ တိုးတိုးပြောပါဟာ ငါရှက်လို့ပါ ဘယ့်နှယ်ဟာ အတော်ဆုံး Gamerရဲ့ သူငယ်ချင်း လုပ်နေပြီး နင်ဒါလေးတောင် မခေါ်တတ်ဘူး သူများတွေ ကြားရင် ၀ိုင်းဟားကြလိမ့်မယ် နင်တိုးတိုးနေ
ဟာရီ:ဟ နင်ကလည်း ငါက မသိလို့ မေးနေတာပေါ့ဟ ငါ မနေ့ကမှ ဂိမ်းစဆော့တာလေ ဒီလောက်တော့ ရှိမှာပေါ့လို့
ဂျောင်:အေးပါ နင်တိုးတိးဆန ငါပြောပြမယ် အ့တာ အလုံးမဟုတ် စက်ကျည်ဆန်လို့ ခေါ်တယ် ဒါကလည်း တိုင်တွေ မဟုတ်ဘူး တာ၀ါတွေ တာ၀ါဟ
ဟာရီ:အော် အ့လိုလား ငါသိပြီ ငါသိပြီ ဒါဆို ကျန်တာ နောက်မှ မေးမယ် အခု ငါအိမ်ပြန်ပြီး ဂိမ်းဆော့ ကြည့်မယ်
ဂျောင်:အိုကေ မသိတာ ရှိရင် ဖုန်း လှမ်းဆက်ပြီးမေးလေ
ဟာရီ:အိုကေ ကျေးဇူးပဲ ဟာရီက
စကားပြောပြီး မတ်တတ်ထအရပ်မှာ ခြေထောက်ခေါက်သွားတာကြောင့် ယိုင်ပြီး လဲတော့မလို ဖြစ်သွားသည်။ ဒါကြောင့် ဂျောင်ကုက အမြန် ထရပ်လိုက်ပြီး ဟာရီကို ထိန်းပေးလိုက်သည်။ ဟာရီက ဂျောင်ကုရင်ခွင်ထဲမှာ.....
ထိုအချိန် ဂျောင်ကုတို့ ထိုင်နေတဲ့ စားသောက်ဆိုင်ကနေ ထွက်လာတဲ့ ဂျောင်ကုရဲ့ ချစ်သူ ထယ်ယောင်း.....
ထယ်ယောင်းဟာ သူ့အလုပ်က မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောနေရင်းကနေ ထယ့်ကို မြင်သွားတော့ တစ်ချက်ကြည့်ပြီး စကားပြောရင်း ဆက်ထွက်သွားသည်.....
ဂျောင်´s pov: ဟာ...ထယ် ထယ်ပါလား ငါ့ ငါ့ကို မြင်သွားပြီ ထင်တယ် ဟိဟိ ငါနဲ့ ဟာရီအတူရှိနေတာကို မြင်သွားတာဆိုတော့ ငါ့ကို သ၀န်တိုတော့မှာမလား...
ဂျောင်:Yes!! သ၀န်တိုတော့မယ်ကွ!
ဂျောင်ကုဟာ ထယ်သ၀န်တိုတာကို တစ်ခါမှ မခံဖူးတာကြောင့် ယခု ကိစ္စအပေါ် ထယ် သ၀န်တိုတော့မည်ဟု ထင်ကာ အလွန်ပျော်သွားသည်။.....
ပါးစပ်က Yes!!လို့ ထအော်ကာ ထိန်းပေးထားတဲ့ ဟာရီရဲ့ ခန္ဓာကိုယ်ကို လက်ကမေ့ပြီး လွှတ်ချလိုက်မိသည်.....