မနက်ခင်း အလင်းရောင်တို့ ဖြာကျနေပြီး၊ ငှက်ကလေးတွေကလည်း ကိုယ်စီ ကိုယ်စီ ပျံသန်းနေကြသည်။
ကျောပိုးအိတ် အနက်ကို လွယ်ကာ အိမ်အောက်ကို ပြေးဆင်းလာတဲ့ ဂျောင်ကုကို omma ဖြစ်သူက မြင်တဲ့အခါ...
Jk's Omma:ဟဲ့...ဂျောင်ကု လွယ်အိတ် တစ်လုံးနဲ့ နင်ဘယ်ကို သဝေထိုးဦးမလို့လဲ...
ဂျောင်:ဟာ...Ommaကလည်း ကိုယ့်သားကို ကိုယ် ဒီလိုပြောစရာလား...
Jk's Omma:ဟယ် နင် နေ့စဥ်ရက်စက် ဂိမ်းဆိုင်ကိုပဲ သွားသွားနေတာလေ...ပြောမရ ဆိုမရနဲ့...နင် ထယ်လေးဆီလည်း သွားတာမတွေ့ဘူး...ညာလဲ ရန်ဖြစ်ထားကြပြန်ပြီလား...
ဂျောင်: ရန်ဖြစ်ထားတာ မဟုတ်ဘူး Omma သားတို့ ပြတ်သွားပြီ...
Jk's omma:ဘာ နင်ဘာပြောတယ်...
ဂျောင်:သားတို့ ပြတ်သွားပြီလို့!
Jk's omma:ဘာဖြစ်လို့ ပြတ်သွားတာလဲ ဘယ်သူက ဖြတ်တာလဲ...
ဂျောင်ကုဟာ ခပ်ဆတ်ဆတ်ပဲ ထိုအဖြေကို ပေးပြီးနောက် အိမ်ထဲက ထွက်သွားလေတော့သည်။
ဂျောင်:နှစ်ယောက်လုံး တူတူဖြတ်တာ...ကျတော် ကျောင်းသွားတော့မယ်...
Appaစကားရော၊ Omma စကားရော၊ ဘယ်သူ့စကားမှကို နားမထောင်တဲ့ အဆိုးအပေ ကောင်လေး ဂျွန်ဂျောင်ကုဟာ မိုချီသေးသေးလေး ပြောတာကိုတော့ တသဝေမသိမ်း နားထောင်ခဲ့ပါတယ်။
ဘာလို့ နားထောင်ခဲ့တာလဲဆိုရင်တော့ ဂျောင်ကု ဘယ်လိုဖြေရမယ်မှန်း မသိပါ...
ဘယ်လို ခံစားချက်မျိုးတွေ မိုချီလေးအပေါ် ရှိနေလို့ မိုချီလေးစကားကို နားထောင်ခဲ့လဲ
ဆိုတာကို ဂျောင်ကုမသိ။မိုချီလေး စကားဖြစ်နေလို့ကို နားထောင်ခဲ့တာပါ။
မိုချီလေးရဲ့ စကားတွေကလည်း မှန်နေခဲ့သည်ကိုး...
အော်...ဒါဟာ ဘာရယ်ဆိုတာ ဂျောင်ကုတို့ ခေါင်းစဥ်တပ်မရခဲ့တာ တော်တော်ဆိုးတာပဲ...
မိုချီလေးရဲ့ စကားကို နားထောင်ခဲ့ပြီးမှတော့ ဒီတိုင်း ဘယ်ရမလဲ...စကားကို နားထောင်ခဲ့ကြောင်း သွားပြောရမှာပေါ့...