မည်းမှောင်နေတဲ့ ညတစ်ည
လေပြင်းတွေဟာလည်း
မုန်တိုင်းရဲ့အကြိုရောက်လာလေသော
ရှေ့ပြေးတမာန်များကဲ့သို့
ရောက်ရှိနေကာရပ်တန့်ချင်းမရှိဘဲ
အချို့သော အပင်များအား
ခါးလည်မှပင် ကျိုးထွက်စေသကဲ့သို့
ပြင်းထန်စွာ တိုက်ခတ်နေလေသည်။မိုးသံတွေဟာလည်း ဆူညံစွာ ပေါ်ထွက်လို့
မိုးစက်တွေဟာလည်း မြေပြင်ပေါ်သို့
ပြင်းထန်စွာ ကျဆင်းနေလေသည်။တိတ်ဆိတ်နေသော နေရာတစ်ခု...
မီးရောင်ဆိုလို့တစွန်းတစမီမရှိကာ
တစ်ချက်တစ်ချက် ထွက်ပေါ်လာသော
မိုးကြိုးရဲ့အလင်းရောင်သာ
ရှိနေလေသည်။ပြင်းထန်စွာ ကျဆင်းနေသော မိုးရေတို့ကြောင့်ထိုနေရာလေးရဲ့ မြေပြင်မှာ
ရွံ့အိုင်တွေဖြစ်စေလေပြီ။
တစ်ချိန်ကသေချာ ရိုက်ခဲ့ပေမယ့်
ကြာမြင့်သော အချိန်ကာလကြောင့်
ရွဲ့စောင်းနေလေသော သစ်သားလက်ဝါးကတ်တိုင်လေးတွေမှာလည်း
ပြိုကျနေသော အရာများ သံများပြုတ်နေသည်များနှင့်။
နာမည်တစ်ခုကိုရေးထားလေနဲ့ ကျောက်စာလေးတစ်ခု။ထက်ပိုင်းပြတ်နေသော ကျောက်စာလေးကို
ကြည့်လိုက်မယ်ဆိုရင် ရေညှိတွေနဲ့
ဘယ်အရာကိုရေးသားထားသည်ဆိုတာကို
သိရဖို့မှာ မလွယ်တော့ပင်။တဖြည်းဖြည်းနဲ့ လေပြင်းတွေလျော့နည်းသွားကာ မိုးစက်ကလေးတွေ စဲလုနီးပါးတွင်
ထက်ပိုင်းပြတ်နေလေသော ကျောက်ပြားလေးရဲ့ရှေ့က မြေပုံခပ်နိမ့်နိမ့်လေးရဲ့
အလယ်မှာ ဖြူဖွေးသော လက်ဖဝါးတစ်ဖက်သည် မြေကြီးတို့ကို တွန်းကန်လို့
ထွက်ပေါ်လာလေသည်။အနားမှာသာ လူတစ်ယောက်ရှိနေရင်
ထိုမြင်ကွင်းဟာ အသက်ရှုကိုပင် ရပ်တန့်စေလောက်သည်။
အဘယ်ကြောင့်ဆို စွန့်ပစ်ထားသော
သုသာန်ထဲက မြေပုံတစ်ခုကနေ
လက်တစ်ဖက်ထွက်လာတာဟာ သိပ်ကို
ခြောက်ခြားစရာကောင်းသည်မလား။
သို့ပေမယ့် ဒီနေရာဟာ
စွန့်ပစ်ထားသောနေရာလေ မကြောက်တတ်ဘဲ စူးစမ်းလိုစိတ်ရှိတဲ့သူကလွဲလို့
ကျန်တဲ့ ရှိမှာမဟုတ်ပေ။တစ်ဖြေးဖြေးနှင့် အပေါ်သ်ု့ မို့ထွက်လာလေသော မြေသားများ။
လက်ဖဝါးတစ်ဖက်မှသည် တံတောင်ဆစ်အထိ ပေါ်ထွက်လာလေပြီ။
ခနအကြာ မိုးသံတွေဟာလည်း
တိတ်ဆိတ်သွားလို့
တစ်ခုခုတိုးထွက်သွားမှန်းသိသာစွာ လစ်လပ်သွားလေသော မြေနေရာ။
YOU ARE READING
Walking on water{or} Dear Businessman
Romancesin nombre(အမည်မဲ့)ဆိုတဲ့ ပြင်သစ်အသံ့ုးနှုန်းလေးကိုသုံးထားတဲ့ Businessmanလေးကို သက္ကရာဇ်စေတန်လို့ခေါ်တယ့် အမျိုးသားကသိပ်ချစ်တာ။ ချစ်ခြင်း မုန်းခြင်းကြားက နယ်မြေလေးမှာ နေထိုင်တဲ့လွှမ်းစေတန်သော်ကို ဘေဘီက သိပ်ပြောင်းလဲစေတာ။ Walking on water {or} Dear...