Ep6

143 10 3
                                    

မနက်ခင်းတစ်ခုကိုတော့ရောက်ရှိလာခဲ့ပြန်ပြီ
အသက်ကြီးချင်းမရှိတဲ့ လွှမ်းအတွက်ကတော့
သိပ်စိတ်လှုပ်ရှားစရာမရှိတာမလို့
နေ့တိုင်းဟာ သာမာန်ဖြတ်သန်းနေရသလိုလေးပါ။

ဘယ်ဘက်လက်ကလေးတွင်
အညိုရောင် နာရီလေးကို ပတ်လိုက်လို့
မှန်ထဲက ကိုယ့်ပုံကိုကြည့်ရင်း
နှာဖူးစပ်က ဆံပင်လေးကို လက်ကလေးဖြင့်တစ်ချက် ပင့်တင့်လိုက်ကာ
မျက်ခုံးတစ်ဖက်ပင့်ကြည့်လိုက်တော့
ဆွဲဆောင်မှုရှ်ရှိပုံစံလေး။

အညိုရောင် ရှပ်အင်္ကျီအဖြူရောင်ဘောင်းဘီလေးနဲ့ လွှမ်းဟာ ရိုးရှင်းနေပေမယ့်
သိပ်ကြည့်ကောင်းနေတာ။
မှန်ထဲကို ကြည့်နေရင်းမှ စိတ်ခံစားချက်မရှိတဲ့မျက်နှာကနေ ရုတ်တရက် မျက်လုံးပေါက်လေး ပျောက်သွားမလိုအထိ ပြုံးလိုက်လေကာ သွားတန်းလေးတွေပါ ပေါ်လာစေသည်အထိ မျက်နှာအမူအရာလေးကို
လုပ်လိုက်လေတော့ အနားတွင်
တစ်ယောက်ယောက်သာရှိပါက
သေချာပေါက် လွှမ်းရဲ့အပြုံးကြောင့်
မေ့လဲသွားနိုင်လောက်သည်။

လွှမ်း အိမ်အောက်ထပ်သို့ရောက်သည်နှင့်
မနက်စာကို အပြင်မှာသာ စားရန်
စီစဥ်ထားတာမလို့ အိမ်တံခါးပိတ်ကာ
ဘေးဘက်က ဂိုဒေါင်ဆီသာ သွားလိုက်လေတော့ တန်းစီနေလေသော
ဘေဘီလေးတွေက လွှမ်းကို ရွေးချယ်ရခက်စေပြန်သည်။

ခနတာစဥ်းစားပြီးမှ ဟိုတလောကမှ ဝယ်ထားလေသော အနက်ရောင် ဆိုင်ကယ်ကိုသာ ထုတ်လိုက်လေတော့သည်။
ဆိုင်ကယ်ဦးထုတ်ဆောင်းရတာမကြိုက်ပေမယ့် မြို့ထဲအထိသွားရမှာဆ်ုတော့
မဖြစ်မနေ ဦးထုပ်ကဆောင်းခဲ့ရပြန်သည်။

လေအလျှင်လိုမောင်းနှင်သွားလေတဲ့
ဆိုင်ကယ်လေးသည် မြို့ထဲရှိစားသောက်ဆိုင်တစ်ခုဆီသို့ ဦးတည်လျှက်။
ထိုဆိုင်ကယ်လေးထွက်သွားလေသည်နှင့်
အနားတွင်ပုန်းကွယ်နေလေသော သူသည်လည်း
သူအားတာဝန်ပေးထားသော သူဆီသို့
ချက်ချင်းအကြောင်းကြားရလေတော့သည်။

.....................................................................

အကောင်ကြီးမားလေသော ခွေးအနက်ရောင်ကြီးကို ပွတ်သပ်နေလေသော
လူငယ်တစ်ဦး။
အစာကျွေးနေရင်းမှ စကားတစ်ချို့လည်း
ပြောနေလေသေးသည်။

Walking on water{or} Dear Businessman​ Où les histoires vivent. Découvrez maintenant