Ep8

151 10 2
                                    

မနက်စောစောကိုပင် အနည်းငယ်အိုက်စပ်နေသော
ရာသီဥတုကြောင့် လွှမ်းသည် အိပ်ရာမှ နိုးနိုးချင်းပင်
မျက်မှောင်တို့ တွန့်ချိုးမိသည်။
ညကလည်း မိမိနောက်ကို ကပ်တွယ်နေပါသော
ကလေးစုတ်လေး၏ လေးနက်စွာ ဖွင့်ပြောချက်အား
ပြန်လည်တွေးတောမိရင်း အိပ်ရာဝင်ချိန်မှာလည်း
နောက်ကျခဲ့ရသလို အခုမှာလည်း ရာသီဥတု အပူဒဏ်ကြောင့် ဆက်အိပ်မရဖြစ်သွားရသည်။
အကြောင်းအမျိုးမျိုးကြောင့်
မကြည်မလင်ဖြစ်နေသော လွှမ်းစေတန်သော်ရဲ့ စိတ်တို့မှာ  အိပ်ရာဘေးရှိ ဖုန်းမှ notiဝင်သံတစ်ခုထွက်ပေါ်လာချိန်တွင်
စိတ်ကြည်လင်မှုတို့လည်း တစ်ပြိုင်နက်ပြန်လည်
ဖြစ်ပေါ်လာပြန်သည်။

လွှမ်းထမကြည့်လျှင်တောင် သိလိုက်သည်
ထိုစာဝင်သံမှာ မနေ့ကသူ ကြွက်စုတ်ကလေးဖြစ်အောင် လုပ်ခဲ့လေသော သက္ကရာဇ်စေတန်ဆီမှ
ဝင်ရောက်လာလေသော
ပိုးစာပန်းစာ အိစိကလိဖြင့် ရေးထားလေသော
မနက်ခင်းနှုတ်ဆက်စာဖြစ်နေလိမ့်မည်။

ကိုယ်တိုင်ပင်သတိမထားမိစွာ လွှမ်းသည် နှုတ်ခမ်းသားတို့ ကော့တက်စွာ ခပ်ဖွဖွလေး ပြုံးမိလျှက် ဖုန်းကို ယူကြည့်လိုက်သည့်အခါဝယ်
ပေါ်လာသော စာလေးမှာ လွှမ်းထင်နေသောသူဆီမှ
အတိအကျပင်ဖြစ်နေလေသည်။

"မောနင်းပါ မောင့်ရဲ့သည်းငယ်"တဲ့

"​ေ*ာက်ကျိုးနည်း လာပြန်ပြီ သည်းငယ်"

စာကြောင်းတွေ အရှည်ကြီးမဟုတ်သော်လည်း
စာလေးကို ဖတ်မိရုံဖြင့်
လွှမ်းနားထဲ ချိုမြိန်သော
အသံဖြင့် ပြောလေမည့် ကလေးစုတ်အသံကို
ကြားယောင်မိသည့်အခါ ဆံပင်ရှည်တို့ ရှုပ်ခါသွားသည်အထိ ခေါင်းကိုခါလိုက်ရင်း နှာခေါင်းလေးပါ
ရှုံ့ကာ ဖုန်းကို ဘေးသို့ အမြန်မှောက်လျှက်ချထားလိုက်သည်။

"ဒီကလေးဘယ်လိုကြောင့်များ အမြဲချိုအီနေတာခဲမသိဘူး သကြားခဲနဲ့များ စပ်မွေးထားတာလား"

မှောက်ထားလိုက်သော ဖုန်းကို ခနတာစိုက်ကြည့်နေမိပြီး မကျေမနပ်ပြောပြီးသည့်နောက်
လွှမ်း ကိုယ်တွင်ခြုံထားသော
စောင်ပါးလေးကို ဖယ်လိုက်ကာ မျက်နှာသစ် သွားတိုက်ခြင်းကိုသာ လုပ်ရန် အိပ်ရာကနေ ထလိုက်တော့သည်။

Walking on water{or} Dear Businessman​ Where stories live. Discover now