နံနက်ခင်းလေးသည် တိမ်လေးတွေကင်းစင်ကာ
ညက မိုးရွာထားသည်ကြောင့် လေပြေလေညှင်းတွေက
အအေးဓာတ်လေးအနည်းငယ်ရောပါကာ တိုက်ခတ်နေသည်ကို ဖွင့်ထားလေသော ပြတင်းပေါက်မှ
တစ်ဆင့် လွှမ်းခံစားနေမိသည်။
သိပ်ကို စိတ်ချမ်းသာစရာကောင်းတဲ့ မနက်ခင်းလေးမှာ
လွှမ်းသည် နှုတ်ခမ်းတွေ ကော့တက်၍သာမက
သီချင်းလေးတွေ ဖွင့်ထားရင်းနဲ့ကို ပြုံးပျော်နေတာ။တစ်ပုဒ်ပြီးတစ်ပုဒ်ပြောင်းသွားသော သီချင်းတွေကို
လိုက်ဆိုကာ သံစဥ်လေးတွေအတိုင်း စီးမျှောရင်း
အာရုံသည်မှာလည်း ပန်ကိတ်လုပ်နေရာမှ ရွေ့သွားခြင်းမရှိပေ။အိမ်တော်ကအလုပ်သမားတွေကတော့
ပြုံးပျော်နေလေသော သခင်လေးရဲ့ချစ်သူကို အခန်း၀က
မသိမသာဖြတ်လျှောက်ရင်း ကြည့်နေမိကြသည်။ညတုန်းကတောင် သွေးတွေနဲ့ ရောက်လာတဲ့
သခင်လေးချစ်သူဟာ သူတို့ကိုတောင် တစ်မျှပင်
ဆွေကြည့်ဖို့မပြောနှင့် တင်းမာနေတဲ့ မျက်နှာထားကြောင့်
အကုန်လုံးကြောက်လန့်နေကြတာ။
အခုကျတော့လည်း လူစားထိုးထားသလိုပင်။လူတွေ ရှိနေတာကို သိသော်လည်း လွှမ်းသည် ဂရုစိုက်ခြင်းမရှိ
လုပ်ရမည့်အလုပ်ကိုသာ လုပ်နေသည်။
ပန်ကိတ်တစ်ခုပြီးသောအခါ မောင်ကြိုက်လောက်မည့်
အဆာပြေမုန့်လေးတွေပါ လုပ်ရင်း
တစ်ဖက်ကလည်း hot Chocoလေးတစ်ခွက်လုပ်ရန်
ပြင်ထားမိသည်။
အေပရွန်ခဲရောင်လေး၀တတ်ထားလို့
ရှပ်အင်္ကျီလက်တို့ကို ခေါက်ထားကာ မနက်စာပြင်နေသော
အမျိုးသားသည် သိပ်ကိုကြည့်ကောင်းလွန်းနေသည်။လွှမ်း ပျားရည်ဘူးဖွင့်နေတုန်း ခါးပေါ်ကို ကျရောက်လာသော
လက်တစ်စုံကို ခံစားလိုက်ရသောအခါ
မောင် အိပ်ရာမှနိုးပြီဖြစ်ကြောင်း သိလိုက်သည်။
တစ်ဆက်တည်းမှာပင် လွှမ်းရဲ့ ဂုတ်ပိုးလေးနဲ့အတူ
နှုတ်ခမ်းလေးသည်လည်း မောင့်ရဲ့မနက်ခင်းအားဆေးအဖြစ်
သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။"အာ့ နာတယ်လေမောင်"
ဂုတ်ပိုးမှ ခံစားလိုက်ရသော ကိုက်ချက်ကြောင့်
မောင့်ကို ပြောလျှင် မောင်သည် ထိုနေရာအား
နှုတ်ခမ်းလေးဖြင့် အနမ်းခပ်ဖွဖွပေးကာ အုံဖွလုပ်ပေးသည်။
ထို့နောက် မောင်လျှာဖျားဖြင့် ထိတွေ့တာကို ခံစားရချိန်မှာ
လွှမ်းရဲ့ကိုယ်လေးသည် လန့်ကာ ရုန်းမိလျှင်
မောင်သည် လွှမ်းခါးအား တင်းနေအောင်ဖက်ထားလို့
ရင်ခွင်ထဲက အလွတ်မခံပေ။
YOU ARE READING
Walking on water{or} Dear Businessman
Romancesin nombre(အမည်မဲ့)ဆိုတဲ့ ပြင်သစ်အသံ့ုးနှုန်းလေးကိုသုံးထားတဲ့ Businessmanလေးကို သက္ကရာဇ်စေတန်လို့ခေါ်တယ့် အမျိုးသားကသိပ်ချစ်တာ။ ချစ်ခြင်း မုန်းခြင်းကြားက နယ်မြေလေးမှာ နေထိုင်တဲ့လွှမ်းစေတန်သော်ကို ဘေဘီက သိပ်ပြောင်းလဲစေတာ။ Walking on water {or} Dear...