Ep12

139 13 5
                                    

"ဒါဆိုရင် ကိုယ်တို့နောက်အပတ်မှာတွေ့ကြသေးတာပေါ့။
ပြခန်းဆီကိုလည်း ဒီရက်ပိုင်းမှာ လာဖြစ်အောင်လာခဲ့မယ်လေ"

"အခုလိုတွေ့ရတာ ဝမ်းသာပါတယ်မစ္စတာလွှမ်း။
ကျွန်တော်တို့ဘက်က‌ အကောင်းဆုံးဖြစ်အောင်
စီစဉ်ထားပါမယ်။"

လွှမ်းစေတန်သော်သူ့ရှေ့ကလူကို အဆင်ပြေကြောင်း
ခေါင်းလေးပါငြိမ့်ပြလိုက်ပြီးသည့်အချိန်တွင်
လက်အိတ်အမဲရောင်၀တ်ထားသည့် လက်တစ်ဖက်ဟာ
လွှမ်းရဲ့ခါးပေါ်သို့ကျရောက်လာသည်။

နှာခေါင်းထဲမှာ ရလိုက်သည့် ကိုယ်နံ့နဲ့တင်
ဘယ်သူဆိုတာကို လွှမ်းသိလိုက်သည်မလို့ ရုန်းကန်ခြင်းမပြုဘဲ
သူတို့ကိုကြည့်နေတဲ့သူကိုသာ ရယ်ပြလိုက်လေတော့
ဘေးနားကမောင်သည် လွှမ်းရဲ့နှာဖူးလေးနဲ့ သူ့နှာဖူးလေးကို
တစ်ချက်အသာအယာထိကပ်လိုက်ရင်း ခါးပေါ်ကလက်တို့ကို
ပိုတင်းကြပ်သွားသည်။

"မောင်ကိုယ်က "

"မောင်သိတယ် ဒါပေမယ့်သ၀န်တိုတယ်"

လွှမ်းပြောချင်တဲ့စကားကို သိနေသည့်အလား
မောင်သည် ချက်ချင်းဖြေလာလေသောအခါ လွှမ်းမှာ
သဘောတကျဖြင့်ပြုံးလိုက်ဖို့သာ တတ်နိုင်တော့သည်။

အနားမှာရှိနေလေသော သက္ကရာဇ်စေတန်ဆိုသော
အမျိုးသားငယ်သည်
သူ့အပေါ် လွှမ်းရူးသွပ်လာအောင် လုပ်ဆောင်နေလေသည်မှာ
နေ့စဥ်ပင်။

"ဒီဘက်က မစ္စတာ သက္ကရာဇ်နဲ့"

လွှမ်းနှင့်စောနကအလုပ်ကိစ္စပြောနေသူက မေးလာသောအခါ
မောင်သည် လက်တစ်ဖက်က ခါးလေးကိုဖက်လို့
နောက်လက်တစ်ဖက်က လွှမ်းရဲ့လက်ကိုစုပ်ကိုင်ထားရင်း
လက်ခုံလေးကို လက်မလေးဖြင့် ဖြေးဖြေးလေး
ပွတ်သပ်နေကာ သွားစွယ်လေးပေါ်သည်အထိ
ရယ်ပြရင်း ပြန်ဖြေလေသည်။

"ကိုယ့်အမျိုးသားလောင်းလေးဖြစ်တဲ့သူလေ မိတ်ဆွေ။
ကိုယ်ရဲ့သည်းငယ်ပေါ့"

"စီးပွားရေးလောကမှာ လိုက်ဖက်ညီတဲ့အတွဲတစ်တွဲကို
ထပ်တွေ့ရဦးမယ်လို့ ခင်ဗျားတို့နှစ်ယောက်ကိုမြင်တော့
အာရုံရနေပြီ။လက်ထပ်ပွဲကို နားစွင့်နေပါ့မယ်။"

Walking on water{or} Dear Businessman​ Where stories live. Discover now