.Walking on water{or} Dear Businessman
"Say yes to heaven
Say yes to me "အညိုရောင်သမ်းသော နှုတ်ခမ်းသားခပ်ထူထူလေးက
ခပ်ဖွဖွ တိုးငြီးနေသော သီချင်းလေးမှာ
Yes To Heaven ။
ဆိုင်ကယ်အမည်းရောင်လေးကို လီဗာအကုန်တင်လို့
လျှင်မြန်စွာ မောင်းနှင်လေတော့ ၀တ်ထားလေသော
နို့စိမ်းရောင်ကုတ်အင်္ကျီလေးမှာ လေမှာ တလွင့်လွင့်
စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ကားပါကင်မှာ လွှမ်းမောင်းနှင်လာသော ဆိုင်ကယ်လေးဟာ ရပ်တန့်သွားသောအခါ
လွှမ်းရဲ့ချစ်သူသည် ပြုံးကာ စောင့်ကြိုနေသည်။နေ့ခင်းမှာ လွှမ်းတွေ့ချင်လို့ သက္ကရာဇ်ကို ချိန်းဆိုသည့်အခါ၀ယ်
အလုပ်ကိစ္စနှင့် အပြင်ရောက်နေသော သက္ကရာဇ်ကြောင့်
မထင်ထားဘဲ dateလုပ်ဖြစ်လာသည်။
လွှမ်း ဆိုင်ကယ်ပေါ်ကနေ ဆင်းလိုက်သည်နှင့်
သက္ကရာဇ်စေတန်ဟုခေါ်သော အမျိုးသားငယ်သည်
သူ့ကိုယ်နှင့် ဆိုင်ကယ်ကြားအား ဖိကာပိတ်လို့
လက်ချောင်းခပ်ရှည်ရှည်တို့သည် လွှမ်းရဲ့ပါးပြင်ကို
ထိတွေ့ပွတ်သပ်လာသည်။"စောင့်ရတာ ကြာသွားလား ပေါင်ပေ့"
"သည်းငယ်နဲ့တွေ့ရဖို့ စောင့်ရတဲ့အချိန်တိုင်းက မောင့်အတွက်
သိပ်ကြာတယ်""အဲ့တော့ စိတ်မရှည်ဘူးလား"
သက္ကရာဇ်စေတန်ရဲ့ ချစ်စကားလေးအား
မျက်ခုံးလေးပင့်ပြလို့ လွှမ်းဟာခပ်ပြုံးပြုံးမျက်နှာနဲ့
တုန့်ပြန်လေသောအခါ
လွှမ်းစေတန်သော်ကို မြတ်နိုးလေသော သက္ကရာဇ်စေတန်ဆိုသော အမျိုးသားသည်
သွားစွယ်လေးတစ်ဖက်ပေါ်သည်အထိ ပြုံးလိုက်ကာ
နူးညံ့မှုတို့ဖြင့်ဖြေလေသည်။"မောင့်သည်းငယ်အတွက်ဆိုရင်တော့ စိတ်ရှည်မှုက
အတိုင်းအဆမရှိပါ သည်းငယ်သိဖို့ဘဲလိုပါတယ်"လက်ကလေးဖြန့်ပေးလာလေသော သက္ကရာဇ်စေတန်
မျက်ခုံးတစ်ဖက်ပင့်လိုက်သော လွှမ်းစေတန်သော်သည်
အနီးနားက ၀ိတ်တာလေးကို ဆိုင်ကယ်သော့ပေးကာ
ပါကင်ထိုးစေလို့ သက္ကရာဇ်ရဲ့လက်ကို မမြင်ချင်ယောင်ဆောင်လို့ လက်မောင်းကို ချိတ်လိုက်လေသောအခါ
YOU ARE READING
Walking on water{or} Dear Businessman
Romancesin nombre(အမည်မဲ့)ဆိုတဲ့ ပြင်သစ်အသံ့ုးနှုန်းလေးကိုသုံးထားတဲ့ Businessmanလေးကို သက္ကရာဇ်စေတန်လို့ခေါ်တယ့် အမျိုးသားကသိပ်ချစ်တာ။ ချစ်ခြင်း မုန်းခြင်းကြားက နယ်မြေလေးမှာ နေထိုင်တဲ့လွှမ်းစေတန်သော်ကို ဘေဘီက သိပ်ပြောင်းလဲစေတာ။ Walking on water {or} Dear...