လွှမ်း ကားပြတင်းပေါက်ဘက်ကို လှည့်ကာ
ရှုခင်းတစ်ချို့ကို ငေးကြည့်နေသော်လည်း
မောင်သည် လွှမ်းရဲ့လက်ကိုစုပ်ကိုင်ထားသောကြောင့်
တစ်ကိုယ်လုံး ပူရှိန်းရှိန်းဖြစ်ကာ ရင်ခုန်နေချိန်
အခုချက်ချင်းကားရပ်ဖို့ပြောလိုက်သော
မောင်ကြောင့် လွှမ်း ရှေ့က ဒရိုင်ဘာကိုကြည့်လိုက်ချိန်တွင်
ထိုလူသည် ခါးကြားက သေနတ်ကိုထုတ်ဖို့ပြင်နေသည်ကို
တွေ့လိုက်ရသည်။"၀ုန်း"
ဒရိုင်ဘာနောက်မှ ထိုင်နေသော လွှမ်းရဲ့ ခုံကို
ကန်ချက်သည် ခပ်ကျယ်ကျယ်။
သာမာန်ထက်အားသုံးထားတာမလို့ ထိုလူသည်
ရှေ့ကိုယိုင်ကာ ဟန်ချက်ပျက်ချိန်တွင်
လွှမ်းတို့ရဲ့ကားလေးသည်လည်း မောင်းနှင်သူမရှိတာကြောင့်
ဟန်ချက်ပျက်ချေပြီ။ချက်ချင်းပြန်ထကာ သေနတ်ကို ကောက်ရန်ပြင်လေသော
ထိုလူ။
မောင်သည် သေနတ်ကို ယူမရအောင်တားလိုက်လျှင်
မကြာခင် လမ်းဘေးက သစ်ပင်တို့ဖြင့် ၀င်တိုက်တော့မည့်
ပုံစံကြောင့် ဒရိုင်ဘာသည် ကားတံခါးဖွင့်ကာ ခုံဆင်းရန်ပြင်လျှင်
လွှမ်းသည် ထိုလူရဲ့လက်မှ ပြန်ဆွဲလိုက်ကာ
ဆံပင်ကိုစုပ်ကိုင်လိုက်လို့ မှန်တံခါးနဲ့ မျက်နှာကိုမစုတ်ပြတ်မခြင်း ပစ်ရိုက်ပေးလိုက်သည်။ကျည်ကာမှန်တွေဖြစ်သော မောင့်ကားမှန်ကျေးဇူးကြောင့်
လွှမ်းလက်ထဲမှ လူသည် အသက်ရှင်တော့မှာမဟုတ်ပေ။
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လှသည်။ထိုအချိန် လွှမ်းကိုမောင်သည် သိုင်းကာဖက်လို့
အကာအကွယ်ရအောင် သူ့ခန္ဓာကိုယ်ဖြင့်အုပ်မိုးလာရင်း
သူ့၏မွေးရာပါစွမ်းအင်ဖြင့် သစ်ပင်နှင့်မတိုက်မိအောင်
ထိန်းလိုက်လျှင် တစ်ပေမျှမကွာတော့သော အနေအထားတွင်
လွှမ်းတို့ကားသည် ရပ်တန့်သွားသည်။ကားထဲမှာ ထွက်လာသော လက်အနက်ရောင်၀တ်ထားကာ
အရပ်ရှည်ရှည်နှင့် ဖြူသောအသားအရည်ရှိကာ
နီထွေးသော နှုတ်ခမ်းတို့ရှိသော အမျိုးသားတစ်ဦးသည်
သူ့ရင်ခွင်ထဲသို့ ဆံပင်ငွေရောင်အရှည်တို့ရှိသော
အရပ်သိပ်မတိမ်းယိမ်းသော အသားညိုသော အမျိုးသားကို
မျက်နှာ ဖွက်ကာဆင်းလာသည်။
YOU ARE READING
Walking on water{or} Dear Businessman
Romancesin nombre(အမည်မဲ့)ဆိုတဲ့ ပြင်သစ်အသံ့ုးနှုန်းလေးကိုသုံးထားတဲ့ Businessmanလေးကို သက္ကရာဇ်စေတန်လို့ခေါ်တယ့် အမျိုးသားကသိပ်ချစ်တာ။ ချစ်ခြင်း မုန်းခြင်းကြားက နယ်မြေလေးမှာ နေထိုင်တဲ့လွှမ်းစေတန်သော်ကို ဘေဘီက သိပ်ပြောင်းလဲစေတာ။ Walking on water {or} Dear...