လပ်ထနွန်၏သတို့သမီး (၃)warning

477 55 11
                                    

လပ်ထနွန်၏သတို့သမီး (၃)

"ကြင်ဖက် တွေ့ရမှာလား"

"အင်း"

နာ့ရာကွန် ကြားကြားချင်းအနည်းငယ်
တုန်လှုပ်သွားကာ နှုတ်ဆိတ်နေမိ၏။
ခွန်ယိုင်လည်း အလားတူပင်။

ဝမ်းနည်းတာလားဆိုတော့ သေချာပေါက်ပေါ့။
ဒါပေမဲ့ သူဌေးကြီးကိုလည်း ဘယ်အပြစ်
ဆိုနိုင်မည်လဲ ။
သူတို့ဆက်ဆံရေးကို သိမှသိမနေတာလေ။

"ဒီတစ်ခါက ကြင်ဖက်တွေ့စေရုံဆိုပေမဲ့
နောက်များဆိုရင် ခွန်တျဲက ကိုယ့်ကို
လက်ထပ်ဖို့စေခိုင်းလာတော့မယ်"

"ဟုတ်ကဲ့.."

"ဟုတ်ကဲ့ ပဲလား နာ့ရာ။
မင်းကိုယ့်ကို သဝန်မတိုရော့သလား"

"ကြင်ဖက်တွေ့ရုံပါပဲ ။
ဖီးလပ်သဘောမတွေ့ရင်
သူဌေးကြီးလည်း အတင်းတိုက်တွန်းမှာ
မဟုတ်ပါဘူး"

"တိုက်တွန်းလာရင်ရော"

လည်ချောင်းကို တစ်ခုခုအစူးခံလိုက်ရလို
ဆို့နင့်သွားရသည်။
တစ်ကယ်လို့ ခွန်ယိုင်လက်ထပ်ရရင်
သူတို့လမ်းခွဲကြရမှာလား။

"ကိုယ်နဲ့အတူ ခွန်တျဲကိုလိုက်တွေ့ပါနော်..
အဲဒါဆို ပိုပြီးလွယ်ကူသွားမှာ"

"ဖီးလပ်"

လပ်ထနွန်လိုချင်သည့်အဖြေမရပြန်။

အစက တစ်ခေါက်လောက်ဖျောင်းဖျရုံနှင့်
လက်ခံလာမည်ထင်ထားတာ။
ဘာလို့များ ဒီလောက်ခက်ခဲနေရသနည်း။

နာ့ရာကွန်နဲ့လမ်းခွဲဖို့ သူ့မှာစိတ်ကူးလုံးဝမရှိ။
တစ်ပါးသူနဲ့လက်ထပ်ဖို့ဆို ဝေလာဝေးသေး။
သူ့ရဲ့သတို့သမီးသည် နာ့ရာကွန်သာဖြစ်ရမည်။

ဆုံးဖြတ်ချက်ဟာ ခိုင်မာပြီးသား။
ချစ်ရသူနှုတ်ဖျားမှ စိုးရိမ်တစ်ကြီး
တားမြစ်စကားလေးတစ်ခွန်းလောက်
ထုတ်ပြောလာဖို့ မျှော်ကိုးမိရုံသာ။
သူ တစ်ပါးသူနှင့်ယှဉ်တွဲဖို့ကိစ္စကို
မကျေနပ်သည့်အရိပ်အယောင်များ
ဖော်ပြစေချင်သည်။
ဒါပေမဲ့ ထိုကောင်လေးကတော့
နှုတ်ဆိတ်၍သာပင်။

ပထမဆုံးအကြိမ်အဖြစ် ရင်ထဲမှ
အောင့်မျက်ကာ နာကျင်မိ၏။
ဘယ်လိုပဲ မာကျောခက်ထန်ပါသည်ဟုဆိုဆို
နှလုံးသားအရေးနှင့်ပက်သက်လာရင်
ပျော့ပြောင်းအားမငယ်တတ်တဲ့သူရှိပါ့မလား။
လပ်ထနွန် အနှီချစ်ရသူ၏အပြုအမူကြောင့်
အားငယ်မိပါသည်။
စိတ်ရင်းနဲ့များ မချစ်ခဲ့လေသလား။

กาลครั้งหนึ่งพึงรัก တစ်ရံရောအခါကချစ်သဝဏ်လွှာ (ခတ္တရပ်နား) Where stories live. Discover now