လပ်ထနွန်၏သတို့သမီး (၅)
မနက်ခင်းရဲ့အနံ့သက်နဲ့အတူ
ရင်းနီးပြီးသားဆပ်ပြာရနံ့လေး ရောယှက်နေ၏။
နူးညံ့သောနှုတ်ခမ်းလေးက ပါးပြင်ပေါ်သို့ စိမ့်ဝင်သွားသည်နှင့်အမျှ ထိုရနံ့လေးဟာလည်း
သူ့နှာခေါင်းဆီသို့ ပို၍ပျံ့လွင့်လာတော့သည်။ ခါးသွယ်လေးအား ဖမ်းချုပ်ပစ်လိုက်တော့
ထိုချစ်စဖွယ်ကောင်ငယ်လေးက
ရယ်မောကာ နောက်သို့ ဆုတ်သွား၏။"အဝတ်တွေကျေကုန်လိမ့်မယ်"
"ဖွဖွပဲဖက်မှာပါကွာ ။
လာပါ.. ကိုယ်နမ်းချင်လို့""မုတ်ဆိတ်မွေးအရင်သွားရိတ်"
အမိန့်ပေးသူလေး၏ ချစ်စရာမျက်နှာလေးက
အသဲယားစရာကောင်း၏။
အလုပ်သွားစရာမလိုရင် တစ်နေကုန်ချုပ်ပြီး
နမ်းနေမိမှာပင်။ခွန်ယိုင်က ကြင်ဖက်တွေ့ဖို့
အကြိမ်ကြိမ်သွားခဲ့သော်လည်း
တူညီသောအဖြေနှင့်သာပြန်လာတတ်သည်။
သို့သော်လည်း နာ့ရာ့ကွန်ကတော့
သဝန်တိုမြဲပင်။
ချစ်လွန်းတော့ သဝန်တိုရလွန်းတာသဘာဝ
မဟုတ်လား။"ဒီနေ့လည်း ခွန်တျဲက ထုံးစံအတိုင်း
ကြိမ်းမောင်းဦးလိမ့်မယ်"ကားမောင်းနေရင်း လပ်ထနွန်
ဖွဖွထုတ်ငြီးလိုက်၏။"အဆင်ပြေရဲ့လားဟင်"
"ကိုယ်ဘာမှမဖြစ်ပါဘူး။
အိမ်ပြန်လာရင် မယားလေးက
နေ့တိုင်းချစ်စရာကောင်းပြနေတာ။
ဘာလို့အဆင်မပြေရမှာလဲ""ဒါပေမယ့် ဖီးလပ်စိုးရိမ်နေသလိုပဲ"
"ခွန်တျဲကို စိုးရိမ်တာပါ။
မျှော်လင့်ရတာကိုမကြိုက်ပေမယ့်
ကိုယ်တိုင်က မျှော်လင့်ချက်ပေးနေမိတယ်။
အချိန်လည်းကုန် ငွေလည်းကုန်"နာ့ရာကွန် အတွေးများရသည်။
အခုသူ့ကြောင့် ဟိုလူဒီလူ
အခက်တွေ့နေရပြီ။ သူဌေးကြီးက
စိတ်သောကရောက်ရသလို
ခွန်ယိုင်အား လာတွေ့သောလူများမှာလည်း
အငြင်းခံရ၍ မျက်နှာပျက်စရာဖြစ်မည် ။
ဒါတွေဟာ သူ့ ခေါင်းမာမှုကြောင့်သာ ဖြစ်သည်။ သူက တကယ်ကို ဆိုးတာပဲ။"အများကြီး မတွေးပါနဲ့။
ကိုယ်နည်းလမ်းရှာလိုက်မယ်။ကိုယ့်ကိုယုံ"
VOCÊ ESTÁ LENDO
กาลครั้งหนึ่งพึงรัก တစ်ရံရောအခါကချစ်သဝဏ်လွှာ (ခတ္တရပ်နား)
Ficção Históricaတစ်ရံရောအခါကချစ်သဝဏ်လွှာ