လပ်ထနွန်၏သတို့သမီး(၈)
လပ်ထနွန်က မနက်စာကိုဒီမှာလာစားပါ့မယ်လို့
ကတိပေးထားတာမို့ ပုဇွန်ဆန်ပြုတ်အနံ့လေးက
မနက်စောစောကတည်းက မီးဖိုချောင်ထဲမှာ
သင်းပျံ့နေတော့၏။နာရာ့ကွန် တစ်ညလုံး တွေးနေမိသည်။
သူသည် ချစ်ရသူ၏
ချစ်ခြင်းမေတ္တာများစွာကို ရထားပါသော်လည်း
တစ်ကိုယ်ကောင်းဆန်မိသည်။သို့သော် သူအကြောက်ဆုံးအရာမှာ ခွန်ယိုင်
မဟုတ်ဘဲ တေချဝိရိယ မိသားစုကိုပင်။
ခွန်ယိုင်သည် တရုတ်မိသားစု၏
အကြီးဆုံးသားဖြစ်ပြီး မိသားစုကိစ္စအားလုံးကို စောင့်ရှောက်ရမည့် အမွေဆက်ခံသူ။
ဒီလို အရာရာပြည့်စုံသူက နာ့ရာကွန်နဲ့ဆိုလျှင်
သူ့လို သမိုင်းဆိုးခဲ့တဲ့လူကြောင့်
ခင်ပွန်းဖြစ်သူ နာမည် ပွန်းပဲ့စေနိုင်သည်။အတိတ်ဆိုတာမျိုးက ဖျောက်ဖျက်လို့
မရနိုင်ဘူးမဟုတ်လား။နာ့ရာကွန် အမှန်ပင် ကူကယ်ရာမဲ့ဖြစ်နေခြင်းပါ။
တေချဝိရိယ မိသားစုသည် ကောင်းမွန်သောမိသားစုဖြစ်ပြီး
သူဌေးကြီးကိုယ်တိုင်က ယုတ္တိမတန်သောလူမဟုတ်ကြောင်း
သူသိသော်လည်း အတိတ်ကဖြစ်ရပ်ကဲ့သို့ထပ်မံ
ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို လက်ခံရဲရန် သူရဲဘောကြောင်လွန်းနေမိ၏။သူ့နှလုံးသားက ဆုံးရှုံးမှုကို
ဘယ်အတိုင်းအတာအထိ
ကြောက်ရွံ့နေသလဲဆိုတာ
သူကိုယ်တိုင်သာသိသည်။
ယခုအချိန်တွင် နာ့ရာကွန် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက
ပျော်ရွှင်မှုအားလုံးကို ရင်ဝယ်ပိုက်ထားပြီး
ဒီနေရာမှာပဲ ငြိမ်ငြိမ်လေး ရပ်နေခြင်းသာ။"မွှေးလိုက်တာ"
လူတစ်ယောက်၏ စကားသံကြောင့်
နာ့ရာကွန် ၏ အတွေးစဉ်မှနိုးကြားလာခဲ့သည်။လပ်ထနွန် မြင်လိုက်ရတဲ့အပြုံးမျက်နှာလေးက
မနေ့ညက ညှိုးငယ်နေတဲ့ မျက်နှာလေးနဲ့
လုံးဝမတူတော့ဘဲ တခြားလူတစ်ယောက်လို
ပြောင်းလဲနေ၏။ဒီနေ့ ခွန်ယိုင်က ကြက်ဥအခွံအရာင်
ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီလက်တိုနှင့် အညိုရောင်ဘောင်းဘီရှည်ကိုတွဲဝတ်ထားသည်။
ထိုဝတ်စားပုံဟာ
အလုပ်သွားမည့် ပုံစံတော့မဟုတ်နိုင်။
ŞİMDİ OKUDUĞUN
กาลครั้งหนึ่งพึงรัก တစ်ရံရောအခါကချစ်သဝဏ်လွှာ (ခတ္တရပ်နား)
Tarihi Kurguတစ်ရံရောအခါကချစ်သဝဏ်လွှာ