လပ်ထနွန်၏သတို့သမီး (၆)
နာ့ရာကွန် စိုးရိမ်နေခဲ့သည့်အချိန်က ချက်ချင်းရောက်လာခဲ့လေသည်။
အချိန်မတိုင်ခင်အိမ်ပြန်လာသည့်
ခွန်ယိုင်၏ကားသံအား ကြားကတည်းက
စိတ်ထဲထင့်နေခဲ့တာ။
လှည့်မကြည့်ပေမယ့် သူ့ဘေးမှာ
ထိုင်နေသူက ထိုနေရာအားလှမ်းကြည့်ကာ လှုပ်လှုပ်ရွရွဖြစ်နေခဲ့၏။
တစ်ခုခု မှားနေတဲ့ပုံပဲ။"ကျွန်တော်ပြန်လာခဲ့မယ်နော်ဆရာ!"
ပန်နဝိ သည် လေပြည်လေးလို
ပျာယာခတ်ကာ သေးငယ်သောအသွင်အပြင်မှ ပျောက်ကွယ်သွားတော့သည်။ နာ့ရာကွန်
ပြူတင်းပေါက်ဘက်ကို ဖြည်းညှင်းစွာလှည့်လိုက်ပေမယ့်နောက်ကျသွားပြီ။ အဲဒီနေရာမှာ ကားတစ်စီးသာကျန်တော့၏။
ကားပိုင်ရှင်က အိမ်ထဲဝင်လာနေပြီဖြစ်သည်။နာ့ရာကွန် မသိစိတ်က သက်ပြင်းချလိုက်မိ၏။
"ဖီးယိုင်"
အငယ်ဆုံးလေး၏အသံက အကိုကြီးဖြစ်သူ
ခြေလှမ်းတို့အားတွန့်ဆုတ်သွားစေသည်။
တစ်ဖက်သို့ခြေဦးတည်ရန်
အဆင်သင့်ဖြစ်နေပြီဖြစ်သော ထိုယောက်ျားက အသံ၏ရင်းမြစ်ဆီသို့ လှည့်ကြည့်လာ၏။"ဧည့်သည်ပါလာတာလား"
ပန်နဝိသည် ဘေးဘက်က လူကို တစ်ချက်ကြည့်ရင်းမေးလိုက်သည်။
ခေါင်းမှ ခြေဖျားထိ သေသေချာချာကြီးကို
ပြင်ဆင်ထားသည့်အသွင်အပြင်ပိုင်ရှင်ဟာ
သူ့အစ်ကိုကြီးရဲ့ လက်တွဲဖော်အသစ်များလား။ ဝတ်စားဆင်ယင်မှုက နည်းနည်းတောက်ပလွန်းပေမယ့်
ဒီ မာတာ က အလွန်ဖမ်းစားနိုင်တယ်ဆိုတာဝန်ခံရပါမည်။ဘဲဥပုံမျက်နှာပိုင်ရှင်သည် နေကာမျက်မှန်ကို အသာချွတ်လိုက်၏။
ထို့နောက် ဖော်ရွေသောအပြုံးလေးဖြင့်"ခွန်လစ်တို့..ဒီအစ်ကိုကို မေ့သွားပြီကော"
"အဲဒါက ..ဖီးစီလား!"
ရုတ်တရက်မမှတ်မိတာ မထူးဆန်းပါဘူး။
သူကအခု အထက်တန်းကျောင်းသားလေး
ရုပ်သွင်နှင့် အလွန်ကွာခြားလာသည်လေ။
ထင်ရှားသောမျက်နှာကျနှင့်
အရပ်အမြင့်ကလည်း ပြောင်းလဲနေပြီ။
ဒီအိမ်ရဲ့အငယ်ဆုံးလေး သဘောတကျ
နမ်းတတ်တဲ့ ပါးပြင်ဖောင်းဥဥလေးတောင်
အခုမရှိတော့။
ESTÁS LEYENDO
กาลครั้งหนึ่งพึงรัก တစ်ရံရောအခါကချစ်သဝဏ်လွှာ (ခတ္တရပ်နား)
Ficción históricaတစ်ရံရောအခါကချစ်သဝဏ်လွှာ