လပ်ထနွန်၏သတို့သမီး (၁)
ဈေးအငယ်တန်းရပ်ကွက်တစ်ဝန်းမှာ
သူဌေးကြီး ဂရေ့ တေချဝရိယအား
မသိသူဟူ၍မရှိ။သူဟာ ရှေးယခင်မင်းဆက်တွေကတည်းက
အထုပ်အထည်ဆွဲကာ ပင်လယ်ပြင်ကိုဖြတ်ပြီး
စီးပွားလှည့်ရှာရင်း ထိုင်းမြေမှာအခြေချခဲ့သည့်
တရုတ်မျိုးနွယ်တစ်စု၏ လေးဆက်မြောက်
အရိုက်အရာအားဆက်ခံထားသူပင်။တေချဝရိယ၏ စီးပွားရေးမှာ ယခင်က
ကြွေခွက်ပန်းကန်များ ကုန်သွယ်ရောင်းဝယ်ခြင်းဖြစ်ပြီး
တစ်ဆင့်တိုးကာ အဝတ်အထည်များ၊
အသုံးအဆောင်ပစ္စည်းများကိုပါ
တင်ဆောင်ရောင်းဝယ်လာခဲ့သည်။
သဘောင်္ပေါ်တွင်သာ ကမ်းကပ်ကာ
ခင်းကျင်းရောင်းချရာမှ
ဆိုင်ပိုင်၊အိမ်ပိုင်ဖြင့် ရောင်းချလာနိုင်သည့်
အနေအထားကို အချိန်တိုတိုအတွင်း
ရောက်ရှိခဲ့၏။သူဌေးကြီးဂရေ့လက်ထက်အရောက်တွင်
ကုန်တိုက်ကြီးပင်ဖွင့်လှစ်နိုင်ခဲ့ပြီး
ခရီးသွားများပျားပန်းခတ်နေသည့်
ယာဉ်နားတန်းအနီး နေရာကောင်းတွင်
နားနေဆောင်(ဟော်တယ်)ကြီးတစ်ခုလည်း
တိုးချဲ့နိုင်ခဲ့သည်။
သဌေးကြီးဂရေ့၏ပိုင်ဆိုင်မှုများအား
စကားသမ်းရပါလျှင် အများသူငှါ
အားကျမဆုံးနိုင်တော့ပေ။
လေးစားအားကျစရာကောင်းပြီး
တည်တံ့သူဖြစ်တာကြောင့် တစ်ချို့ဆိုလျှင်
နံမည်ကြားရုံမျှနှင့်ရှိန်ကြသည်။ယခုအခါတွင် သူဌေးကြီးဂရေ့၏
စံအိမ်၌ ပွဲလမ်းတစ်ခုကျင်းပဖို့ပြင်နေကြောင်း
သတင်းပျံ့နေပြီး ပွဲကျင်းပရခြင်း
အကြောင်းအရာအား ပို၍စိတ်လှုပ်ရှားနေကြ၏။တေချဝရိယစံအိမ်၏ အငယ်ဆုံးသား၊
တစ်နည်းပြောရလျှင် သူဌေးကြီးဂရေ့၏
နှလုံးသည်းညှာလေးရဲ့ မွေးနေ့မင်္ဂလာပွဲ။
ဒီပွဲကို မည်သူမဆို
တက်ရောက်ချင်ကြသည်ချည်းသာ။ထိုကဲ့သို့ တက်ရောက်ချင်ရသည့်
အကြောင်းအရင်းများမှာ ပထမအချက်..
သူဌေးကြီး ဂရေ့တေချဝရိယနှင့်
စကားလက်ဆုံနှော မိတ်ဆွေဖွဲ့နိုင်ခဲ့ပါလျှင်
စီးပွားရေးအခွင့်အလမ်းကောင်းများ
ရရှိနိုင်မည်မှာ အားလုံးအသိပင်မဟုတ်ပါလား။
VOCÊ ESTÁ LENDO
กาลครั้งหนึ่งพึงรัก တစ်ရံရောအခါကချစ်သဝဏ်လွှာ (ခတ္တရပ်နား)
Ficção Históricaတစ်ရံရောအခါကချစ်သဝဏ်လွှာ