လပ်ထနွန်၏သတို့သမီး(၇)

261 38 10
                                    


လပ်ထနွန်၏သတို့သမီး(၇)

"သောက်ချီး!
ဘာလို့အရင်မပြောခဲ့တာလဲ"

သဘက်တစ်ထည်သာ ပတ်ထားသည့် အမျိုးသားလေးက ဆံပင်များ
ရှုပ်ပွသွားသည်အထိ ခေါင်းကို ဖွနေတော့၏။
စီရီလတ်က ရေချိုးဝတ်ရုံခါးကြိုးအားချည်လျှက်
ရေချိုးခန်းထဲကထွက်လာပြီး
သူ့ သူငယ်ချင်းရဲ့ညီဖြစ်သူဘေးမှာဝင်ထိုင်လို့ ရှုံ့မဲ့နေတဲ့နှာခေါင်းလေးအား
အသည်းယားစွာ ဖျစ်ညှစ်ပစ်လိုက်သည်။

"ပြောဖို့ရော အချိန်ရလိုက်လို့လား"

"......"

"မူးသွားတဲ့ဥစ္စာကို။
လွန်က အပြစ်တင်မလို့လား"

"အဲ့လိုမဟုတ်ပါဘူး..။
ကိုယ် တောင်းပန်ပါတယ်"

စီရီလတ် ရယ်သည်။
သူက ခေါက်ရိုးကျိုးနေတဲ့သူမျိုးမဟုတ်။
ဒီလောက်ကိစ္စလေးကို ထွေထွေထူးထူး
စိတ်ထဲမထားပါ။
မဟုတ်ရင် လတ်ထနွန်ကိုဖွင့်ပြောဖို့
သတ္တိရှိခဲ့မှာတဲ့လား။

ဒီလိုအခြေအနေမျိုးမှာ ကွန်လဝပ်ကိုလည်း
သူနားလည်ပါသည်။

"ဘာလို့တောင်းပန်နေတာလဲ..။
ငါတို့က ​တွေ့ကြည့်တဲ့အဆင့်ပဲရှိတာပါ။
စေ့စပ်ထားတာမဟုတ်သလို လက်ထပ်ဖို့ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး"

"ဘာကိုဆိုလိုတာလဲ"

"အချစ်ဦးကို တစ်ခေါက်လောက်
ပြန်လာတွေ့တာ။ ဒီလောက်ပဲ"

စီရီလတ် ဘေးနားကကောင်လေး၏
မျက်လုံးတွေကို အဓိပ္ပါယ်ရှာနေမိသည်။
နာကျင်ခံစားနေရသည့်အရိပ်ယောင်မျိုး
မတွေ့ရလို့ စိတ်သက်သာရာရမိ၏။
နက်နဲသောဆက်ဆံရေးမဟုတ်သော်ငြား
ညကမှ ပူပူနွေးနွေး အချိန်ကောင်းလေးအား
ဖြတ်သန်းခဲ့ကြတာမဟုတ်ပါလား။
ဒီလိုစိတ်ရှုပ်နေတာမမြင်ချင်ပေ။

"အဲလိုမျက်နှာမျိုး မလုပ်ပါနဲ့။
ငါ့ဘက်ကပဲ တောင်းပန်ပါတယ်"

လှပသော မျက်နှာလေးက
ကွန်လဝပ်အားကြည့်ကာ လင်းလက်စွာပြုံး၏။

"စီ့အမှားမဟုတ်ဘူး။ မတောင်းပန်နဲ့"

ကွန်လဝပ်က ညင်သာစွာ တုံ့ပြန်သည်။
နူးညံ့သည့် ပါးပြင်ပေါ်တွင်လည်း
လက်မထိပ်လေးဖြင့် အသာအယာ
ပွတ်သပ်နေခဲ့၏။ ထိုအခြင်းအရာများက
စီရီလတ် တွေ့ဖူးသော ညအိပ်ဖော်များနှင့်
မတူညီ၊ကွဲပြား​သည့်ခံစားချက်ကို ပေးလေသည်။

กาลครั้งหนึ่งพึงรัก တစ်ရံရောအခါကချစ်သဝဏ်လွှာ (ခတ္တရပ်နား) Hikayelerin yaşadığı yer. Şimdi keşfedin