Ep 5
Baek : ဟင်! ဒီလက်.....
Baek သူမ လက်ကို လာရောက်ဆုပ်ကိုင်သော Yeol လက်ကို ထိမိပြီး အလန့်တကြား မော့ကြည့်မိတော့...
Yeol : ဒီလက် က ဘာဖြစ်လဲ။..
Yeol က သူမကို ကြည့်ပြီး မျက်ခုံးတချက် ပင့်ကာ မေးလိုက်တာမို့...
Baek : arni..
Baek ဒီလက်ရဲ့ အထိအတွေ့ကို ရင်းနှီးနေသလိုလို .. တခါတုန်းက ကိုငိခဲ့ဖူးသလိုလို..သူ့ကိုမေးမလို့ ပြင်လိုက်ပေမဲ့ သူရဲ့ မထိတထိ ပုံစံ ကြောင့် ဆက်မမေးဖြစ်လိုက်.....
Yeol pov : ဒီလက်က ဘာဖြစ်လဲ။ မင်း မသိချင်ယောင် ဆောင်တယ်ပေါ့..Baek..
မင်း ငါ့ကို ပြန်မှတ်မိရင် ငါ မင်းကို ဟိုတုန်းက ဘာလို့ ထားခဲ့လဲ မမေးတော့ဘူး.အရင်လို ပဲ ပြန်ချစ်ကြမယ်လေ။ ခုထိ အခွင့်အရေးတွေ ပေးထားပါသေးတယ်Baek ရယ်..
Changing Partner...
နောက်တခါ ပါတနာ ချိန်းရတော့မယ်ဆိုတော့ Yeol Baek ခါးကို လွတ်ပေးလိုက်သည်။ သူတို့ လက်ကိုတော့ မဖြုတ်သေး...
Yeol : မင်း နောင်တ မရပါဘူးနော်..
Baek : ဘာကိုလဲ။..
Yeol : တစုံတခု ကိုပေါ့..
Baek သူပြောတာကို နားမလည်ပါ.. ခုမှတွေ့ဖူးပြီးတော့ ဒီ Park Chanyeol ဆိုသူက သူမ အတွက် ပဟေဠိတွေ သာ သယ်ဆောင် လာသည်လေ..
ရုတ်တရက် လူတယောကိ သူတို့ ၂ယောက် ကြားထဲဝင်လာပြီး Yeol လက်ထဲက Baek လပ်ကို ဆွဲလု လိုက်သည်။..သူ့ ကြည့်ရတာ မူးနေပုံ လဲ ရသည်။
JK : Changing partner ဖြစ်နေဘီ။ ပေးတော့.. မိန်းမလှလေးကို..
Yeol လက်ထဲက Baek ကို အတင်းဆွဲလိုက်တော့..Baek လန့်သွားပြီး ထိုသူ လက်ထဲက ရုန်းလိုက်မိသည်။
JK : မင်း ကရုန်းတယ်လား.. လာစမ်း..
ရုတိတရက် Baek ကို ထပ်အဆွဲ သူ့ ဘယ်ဘက် လက်မှာ ကိုင်ထားသော ဝိုင်နီနီ ရဲရဲ တွေက ဖြူဖွေးဆွတ်နေသော Baek ဂါဝန် လေးပေါ် မှောက်ကျလာသည်။..
က နေသူများပါ ဟာ ခနဲ အသံတွေ ထွက်လာသည်။..
Baek ဘေးဘီကြည့်လိုက်တော့.. မျက်လုံးပေါင်း များစွာ နဲ့ အတူ နှုတ်ခမ်းထောင့် တွန့်ကွေးကာ ပြုံးနေသော မျက်နှာတခု..Yeol!
![](https://img.wattpad.com/cover/33939406-288-k170828.jpg)