Ep 8...
Baek နာကျင်နေသော ခြေအစုံကို လျစ်လျူရှုရင်း ပွဲမှ အိမ်ကို ရောက်အောင် ပြန်လာခဲ့သည်။ သူမရဲ့ ညာဖက် လက်လေးထဲ မှာတော့ ကျစ်ကျစ်ပါအောင် ဆုတ်ထားသော နက်ပြာရောင် ကြယ်သီးလေး တလုံး....
Baek pov :MD သူ လာကယ်တာထင်တယ်. ဘယ်လိုတွေးတွေး သူ့ ကြယ်သီး လို့ပဲ ထင်တယ်..
သူက ဘာလဲ။ သူ့ကို တွေ့ရင် ရင်ခုန်တာနဲ့ တပြိုင်နက် ရင်ဘက်ထဲ က နာနေတာ ဘာလို့လဲ။ မြင်ဖူးသလိုလို ရင်းနှီးသလိုလို နဲ့ အရမ်းဝေးကွာနေသလို ခံစားရတာ ဘာလို့လဲ????Seoul မြို့ရဲ့ တိုက်ခန်းလေး တခု အတွင်းမှာတော့ အတိတ်တို့ကို သတိမရနိုင်ခဲ့သော ကောင်မလေး တယောက် ကတော့ တွေးတောခြင်း ကယက်ထဲ က ဒီည ရုန်းမထွက်နိုင်လောက်ဘူးထင်ပ..
♥♥ My Black Lady ♥♥
Yeol အိမ်ပြန်ရောက်တော့..Aunty က..လက်မောင်းမှ နီရဲရဲ စွန်းနေသော သွေးတို့ကို ကြည့်ရင်း..
Yeol aunt : သား . ဘာဖြစ်လာတာလဲ။. လက်က..
Yeol : ဒီနေ့ Mira တို့ ဆိုင်ဖွင့်ပွဲ သွားရင်း နည်းနည်း ထိခိုက်မိတာပါ..ဘာမှမဖြစ်ပါဘူး
Yeol aunt : သွေးတွေ ထွက်နေပီး အင်္ကျီတွေတောင် စွန်းနေပီကို.. သွား.. အင်္ကျီသွားလဲ . ဆေးထည့်ပေးမယ်..
Yeol : nae..
Yeol ပြောပြီးသူ့ အခန်းထဲဝင်လာခဲ့သည်။..သူ Baek ကို ကယ်ရင်း အောက်က မီးဆိုင်း ဖန်ကွဲစ စူးမိသည်ကို. Mira မသိအောင် အိမ်ပြန်လိုက်ပို့ပီး ကားဆက်မောင်းကာ အိမ်ပြန်လာခဲ့သည်။..လမ်းမှာ သွေးတွေက တတောက်တောက်. ဒဏ်ရာက တဆစ်ဆစ် နာနေတာတောင် Baek ဘယ်လို ပြန်သွားလဲ စိတ်ပူနေမိတုန်းပင်...
ဒီအကြောင်းတွေ ဒေါ်လေး သိလို့ မဖြစ်..အရင်က ဒေါ်လေး ဘာမှဝင်မပြောပေမဲ့ ဒုတိယအကြိမ်ဆိုရင်တော့ ဒေါ်လေး လက်မခံလောက်တော့ဘူးလေ..
Yeol ရုတ်တရက် တွေး မိတာက သူ့ကို မော့ကြည့်နေခဲသော့ မျက်လုံးနက်နက်လေးထဲက လက်နေသော အရည်ကြည်လေးတွေ.. ဖိနပ် မကောင်းတာကို စီးပီး ထော့နဲ့ ထော့နဲ့ ဖြစ်နေရှာသော သူမ.. Yeol သူ့ကို ရှော့ခ် ဖြစ်ရာနေရာကနေ လွတ်အောင် ဆွဲဖက်လိုက်တော့ တသိမ့်သိမ့်တုန် နေသော သူမ ကိုယ်လေး...
