Ep 10Yeol : Baek.. ဒီကိုလာ........
Baek ကတော့ သူ့ရင်ခွင် နွေးနွေး ကို ကြည့်ရင်း.....
သူမ လက်ကို ဆန့်တန်းရင်း Yeol ရင်ခွင်ထဲဝငိကာ Yeol ခါးကို ဖက်ထားလိုက်သည်။... Yeol ကလဲ Baek ခါးသေးသေးလေး ကို ပြန်လည် တင်းကျပ်စွာ ထွေးပွေ့ ထားလိုက်သည်။ အလွန် နီးကပ် လှသော သူတို့ ၂ယောက် အနေအထားကြောင့် တယောက် ရင်ခုန်သံ ကို တယောက် နီးကပ်စွာ ကြားနေရသည်။..
Baek : ခ်ခ်.
Yeol : Baek ဘာရီတာလဲ။..
Baek : ကိုယ့် ရင်ခုန်သံ တွေက ကျယ်လိုက်တာ.. ဒီ အထိ ကြားနေရတယ်။..
Yeol : အမယ်.. သူ့ ကျ ဘာထူးလဲ။ ဒုန်း ဒုန်း နဲ့တောင် မြည်နေသေး....
Baek : အ့ လောက်တောင် ကျယ်နေလား...
Baek ပြောရင်း Yeol ရင်ခွင် ထဲက ခွာလိုက်တော့...
Yeol : ငြိမ်ငြိမ်လေး ရင်ခွင်ထဲမှာနေ.. အေးတယ်။...
Baek : arraso..
ဒါနဲ့ ဒီအတိုငိး တညလုံး နေရမှာလား...Yeol : အ့လို မနေလို့ ဘယ်လို နေချင်တာလဲ Baek က..
လှဲအိပ်ကြမလား...Baek : အာ.. Yeol နော်.. Baek အကောင်းပြောနေတာကို......
Omma စိတ်ပူနေမှာ စိုးလို့...Yeol : ဒီနား ဖြတ်သွားတဲ့ ကား တစီးစီး တားကြည့်ကြတာပေါ့....
ကံကောင်းစွာပဲ ကားတစီး အကူအညီ နဲ့ သူတို့ seoul ပြန်ရောက်လာကြသည်။.. Yeol က Baek အိမ်ရှေ့ ထိ လိုက်ပို့ ပေးရင်း ..
Yeol : မနက်ဖန် တွေ့မယ်နော်..
Yeol ပြောရင်း အနက်ရောင် ဆံပင်နုနုတေ ဖြာကျနေသော Baek ရဲ့ နားသယ်စပ်လေးကို နမ်းလိုက်သည်။..
Baek က နှုတ်ခမ်းလေး စိကာ ပြုံးလိုက်ရင်း...Baek : သွားတော့မယ်။ ကား ကို ဂရုစိုက် မောင်း...
Baek ကားပေါ် က ဆင်းပီး သူမ အိမ်ရှေ့က လမ်းလေးဆီ လျှောက်ရင်း Yeol ဆီကို မသိမသာ မျက်စေ့ ထောင့်ကပ် ကြည့်လိုက်သည်။..
လျှောက်နေတဲ့ အရှိန်လေး နှေးသွားတာကို Yeol က သူ့ဆီ Baek ပြန်လှည့်ပီး နှုတ်ဆက်မလား ဆိုပီး ကားမှန်ချကာ ပြုံးပီး မျက်နှာလေး အပြင် ထွက်ကြည့်သည်။..
Baek က Yeol အ့လို ကြည့်နေမှန်း သိလို့ ပြုံးပီး ဆက်လျှောက်သွားသည်။..
