First story of U & Me..

8.8K 586 1
                                    

Ep 1

ပုံမကျ ပန်းမကျ ဝတ်စားထားသော ကောင်လေးတယောက်၊ တနည်းအားဖြင့် နယ်မှလာတာပါဟု ဆိုင်းဘုတ်ချိတ်ထားသည့်နှယ် ဝတ်စားထားသော ကောင်လေးတယောက် Seoul Fashion University ထဲသို့ ယောင်လည်လည် ရောက်ရှိလာသည်။

သူ့ ဝတ်စားဆင်ယင်ပုံကို ဖော်ပြရသော်....

အပေါ်က ရှပ်အင်္ကျီ လက်တို ခရမ်းရောင် နှင့် အောက်က ဒူးဖုံး ခရမ်းရောင်ဘောင်းဘီ အကွပ်စိတ် ကို ဝတ်ဆင်ထားသည်။ဆံပင်တွေက ငှက်သိုက် အဖေ ခေါ်ရလောက်အောင် ကောက်ကွေးနေပြီး မျက်မှန် အထူ အဝိုင်းကြီးကြီး လဲ  တပ်ထားသေးသည်။

သူ့ အဆင်အပြင်နှင့် ဘာမှမဆိုင်သော သစ်လွင်လှပ ဆန်းသစ်နေသော university ၏ အလှအပများကို ငေးမော ကြည့်ရင်း.. တစုံတခု နှင့် ဝင်တိုက်မိသည်။  စာအုပ်များ ပြုတ်ကျသွားသော အသံများက လမ်းမကြီးထက် ပဲ့တင်လို့........

Boy : arr! Miyarnae yo. မမြင်လိုက်လို့ပါ..

Girl : ရပါတယ်ရှင်...

သူ့ဘာသာ ဝင်တိုက်ပြီး  အောက်ကျသွားသော စာအုပ်တို့ကို ထိုင်ပြီးအကောက်.. တဘက်မှ မိန်းကလေး ကလဲ ထိုင်အကောက် လက်တခု နှင့် တခု တို့ ထိမိချိန်.....

တောသားလေး တကိုယ်လုံး ကျဉ်တက်သွားသည့်နှယ် ခံစား လိုက်ရသည်။ထို လက်ပိုင်ရှင် ကို မော့အကြည့်....

တောသားလေး ထို တဒင်္ဂ လေးမှာ ရပ်တန့်နေမိသည်။ လှပသော မျက်နှာ ပိုင်ရှင် မိန်းမချောလေးက သူ့ ကို ပြုံးကြည့်နေသောကြောင့် သူ့ အနီးအနား ပန်းပွင့်လေးတွေ ကြွေကျနေသယောင် ထင်မိသည်။

Boy pov : ချောလိုက်တာ.. ရီလိုက်ရင်လဲ အပြစ်ကင်းစင် လိုက်တာ...

Girl : Gomawo .

ပြောရင်း ထွက်သွားသော သူမ ကျောပြင် ကို ကြည့်ရင်း သူ ခုမှသတိပြန်ဝင်လာသည်။

Boy : ဟာကွာ.. နာမည်လေး မေးလိုက်ရမှာ..ဒါမှမဟုတ် ငါတက်မဲ့ အတန်းကို လိုက်ပြခိုင်း လိုက်ရမှာ.... ခုတော့..

မချိတင်ကဲ ရေရွတ်ရင်း ကျောင်းအခန်းများဆီသို့ ခပ်သုတ်သုတ် လာခဲ့သည်။..

ဘယ်သူ့ ကို မေးရမှန်းလဲ မသိပဲ ယောင်လည်လည် ဖြစ်နေတုန်း.. စိတ်၏ လှုံ့ဆော်မှု့ ကြောင့် သူ့ အနောက်ဘက်သို့ ပြန်လှည့်အကြည့်......

My Black LadyDonde viven las historias. Descúbrelo ahora