ဒီနေ့ Baek သူ့appa ကရည်ရွယ်ထားတဲ့ သူနဲ့တွေ့ရ မယ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ချိန်းထားတဲ့ အချိန်အမှီဖြစ်ဖို့ပြင်ဆင်လိုက်တယ်။ ကိုယ်ကျပ်အနီ ရောင် dress အရှည်လေးခါးတစ်ဝက်ကနေစပြီး တဖြည်းဖြည်းကား သွားတဲ့ dress လေးကိုဝတ်ဆင် ထားပြီး ကျောအလယ်လောက်ထိရှည်နဲ့သူမရဲ့ မဟော်ဂနီရောင်ဆံပင်လေးကလည်းသူမရဲ့အလှကို ထပ်မံဖြည့်စွက်ပေးလိုက်သလိုပါဘဲ။ဆံပင်လေးကို natural wave လေးလုပ်ပြီးချထားလိုက်တယ်။ မျက်နှာမှာတော့်ရိုးရိုးရှင်းရှင်း LA Vintage style make up ပုံစံလေးနဲ့ပေါ့။ဒါပေမယ့် သူမလည်ပင်း ပေါ်မှာ အသည်းပုံစိန်သေးသေးလေးတွေဝန်းရံထား တဲ့ထဲမှာ BY ဆိုတဲ့ စာလေးနှစ်လုံးနဲ့ locket လေးကိုတော့သူမမချွတ်သွားပါဘူး။သူမပြင်ဆင်ပြီး ဆွဲကြိုးလေးကိုပြန်ကြည့်လိုက်တော့
Flash back~~~~~
အဲ့နေ့က သူတို့ ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့ Christmas ရောက်ဖို့ 2ရက်ဘဲလိုတဲ့နေ့လေး။ ပတ်ဝန်းကျင်တစ်ခုလုံး ရောင်စုံမီးလုံးလေးတွေနဲ့ christmas နီးလာလို့ နေရာတစ်ကာကလည်း အတွဲ ကိုယ်စီနဲ့ တစ်ယောက်လက်တစ်ယောက်ကိုင်ရင်း Changdamdon လမ်းလေးကလည်း အလှတရား တွေနဲ့အသက်ဝင်လို့...
Baek Coffee Mocha လေးကိုသောက်ရင်း ပတ်ဝန်းကျင်ကနေမျှော်နေမိတယ်။ကျိန်းသေတာပေါ့။သူမမျှော်နေတဲ့သူက သူမရဲ့တစ်ယောက်တည်းသော Yeol ဆိုတဲ့ ချစ်သူလေးပေါ့။ဒါပေမယ့် အဲ့မှာဒေါသက ကြီးလာတယ်။Yeol နောက်ကျလို့လေ။Yeol cafe ရှေ့ရောက်တော့ နှုတ်ခမ်းလေးဆူပြီးမေးထောက်ထား တဲ့ သူ့ကောင်မလေးကိုတွေ့လိုက်ရတယ်။
Yeol : Baek...miyan...စောင့်နေတာကြာသွား ပြီမလား။
Yeol puppy face လေးလုပ်ရင်းလက်နှစ်ဖက်ကို ပွတ်သတ်ပြလိုက်တယ်။ဒါပေမယ့် Baek.ကတော့ စိတ်ဆိုးမြဲ။သူ့ကိုတစ်ချက်လောက်လှည့်ကြည့်ပြီး
^ဘယ်သူလဲ။ကျွန်မကအချိန်တိကျတဲ့ကျွန်မချစ်သူ ကိုစောင့်နေတာ။ရှင်ကဘယ်သူလဲ။^ Baek လည်း Yeol ကိုပြန်ပြီးစိတ်ဆိုးပြီးပြန်ပြောတာပေါ့။Yeol ခမျာ ဘယ်လိုရမှန်းမသိတော့^ သမင်မကြီး။ကျွန်တော်မျိုး နောက်ကျသွားတဲ့အတွက်တစ်ကြိမ်လောက် ခွင့်လွှတ်ပေးတော်မူပါ။သခင်မကြီးအမျက်ပြေအောင် ယနေ့စိတ်ကြိုက် သခင်မကြီးသွားလိုတဲ့နေရာကို လိုက်ပါပို့ဆောင်ရန် အသင့်ရှိပါကြောင်း^ Yeol သူ့ရဲ့ လက်လေးကိုသူမဘက်ထုတ်ပေးလိုက်တယ်။