Yeol အချိန်တော်တော်ကြာကြာဘာမှမပြောဘဲ စဉ်းစားလိုက်ပြီးတော့မှ
Yeol : Baek...အဲ့တာဘယ်သူလဲသိချင်လား။ ကျွန်တော်ပြောပြရမလား။ဘယ်သူလဲ။ကျွန်တော်သိတယ်။
Yeol ရဲ့စကားလေးကို Baek တစ်ယောက်ကတော့ မျက်လုံးလေးမှိတ်ပြီး Yeol ရဲ့ပုခုံးလေးပေါ်မှာ အိပ်စက်လို့။
Yeol : အိပ်ပြီကိုး။အေးလေ။ငါလည်းစဉ်းစားတာ ဘယ်လောက်ကြာသွားမလဲမသိဘူး။
(အေးလေ။သူစဉ်းစားတာအဲ့လောက်ကြာတာ Baek ပီစီလေးအိပ်တာဘယ်ထူးဆန်းပါ့မလဲ။)
Yeol အိပ်ပျော်နေတဲ့သူ့ပိစီလေးကို ပုခုံးပေါ်ဖြေးဖြေး ချင်းတင်ပြီးကုန်းပိုးလိုက်တယ်။ပြီးတော့ တစ်လှမ်း ချင်းဆီပေါ့။Baek အခန်းထဲကို။
သော်တာလမင်းကြီးကလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးမျက်လွှာလေးကိုချလိုက်တယ်။
##########
>>>Fast Forward>>>>>>>
ဒီနေ့ Baek ဆေးရုံဆင်းမယ့်နေ့။အခန်းထဲမှာBaek ရဲ့ Appa Omma ရော။ Hunhan,Kaisoo ကော လူစုံတတ်စုံနဲ့။ Baek Appa နဲ့ Omma ကတော့ ဆရာဝန်တွေဘာတွေနှုတ်ဆက်ပြီးသူတို့တွေဆေးရုံ ကထွက်လာတော့ Baek သူမရဲ့အခန်းလေးကိုလှည့် ကြည့်မိတယ်။
Baek's P.O.V : အော်။ဘာလိုလိုနဲ့ ငါဒီဆေးရုံမှာ 2 လနီးပါးရှိခဲ့တာဘဲ။အမှတ်တရတွေတော့အများကြီး ကျန်ခဲ့တာဘဲ။Dr.Yeol ကညဘက်မှဆိုတော့ မနှုတ်ဆက်လိုက်ရဘူး။ Dr.Yeol Baek သွားတော့မယ်။
Baek Dr တွေ Nurse တွေအားလုံးကိုနှုတ်ဆက် ပြီးထွက်လာခဲ့ပြီ။Baek ကလွဲပြီး Hunhan နဲ့ Kaisoo ကတော့ Baek ကိုသူမမမြင်နိုင်တဲ့နေရာက နေ Yeol ကြည့်နေတယ်ဆိုတာကိုသိကြပါတယ်။
Baek ထွက်သွားတော့ Department အပေါ်ထပ် မှန်းပြတင်းပေါက်နားကနေရပ်နေတော့ Dr လေးကတော့
Yeol : Baek...Annyeong...
#######
Baek ဆေးရုံဆင်းတာ တစ်ပတ်ပြည့်ပြီ။မနက်ဖြန်သူ Austrial Melbourne မှာပညာတော်သင်သွား တော့မယ်။Yeol ကတော့ခုထိမသိသေးဘူးပေါ့။ Baek ကတော့လိုအပ်တာတွေပြင်ဆင်ပြီးမနက်ဖြန် အတွက်လည်းလုပ်သင့်တာတွေလုပ်နေတယ်။