ဟီးဟီး။ပြန်လာပြီ။မျှော်နေတဲ့သူများရှိလားမသိဘူး။ ဖတ်နေတဲ့ reader တွေကနော့မျှော်နေတယ်လို့ဘဲ မှတ်လိုက်မယ်နော်။ miyanhaeyo...နှစ်ပတ်ဆက် တိုက် update မလုပ်ဖြစ်လို့။ပထမတစ်ပတ်က mood မဝင်လို့မရေးဖြစ်တာ။နောက်တစ်ပတ်ကတော့ tutorial ရှိလို့မရေးဖြစ်တာ။ခွင့်လွှတ်ပေးကြပါနော်။ request လုပ်လို့ဝပြီဆိုတော့ fic ဆီဆက်သွားတာ ပေါ့။နည်းနည်း recall ပြန်ခေါ်ထားတယ်နော်။မှတ်မိ ကြမယ်လို့မျှော်လင့်ပါတယ်။
~~~£ TOGETHER FOREVER £~~~
ဒီလိုနဲ့ဘဲ Baek အတွက်ဆရာဝန်ခေါ်ဟို လုပ်ဒီလုပ်နဲ့
နောက်ဆုံး ဆရာဝန်က ဆေးချိတ်ပေးလိုက်ပြီးပြန် သွားတောင် Baek သတိမရသေးဘူး။ Tao လည်းရောက်ကတည်းက Baek ဘေးနားမှာဘဲ နေပြီးစောင့်ပေးနေတယ်။နောက်ထပ်ဆယ်ငါးမိနစ်လောက်ကြာတော့ Baek သတိရလာတယ်။မျက်လုံးတော့မဖွင့်သေးပေမယ့် လက်ကလေးတွေလှုပ်လာခဲ့တယ်။
Tao : Baek-sshi,သတိရပြီလား။မျက်လုံးဖွင့် ကြည့်ပါဦး။
Baek ခဏကြာတော့မျက်စိပွင့်လာပြီး နိုးလာချင်း ချင်းဘဲထထိုင်ပြီး
Baek : Yeol...Yeol...Yeol ကိုဘယ်လိုလုပ်မလဲ။ Baek တောင်းပန်ပါတယ်။ Baek တောင်းပန်ပါ တယ်။Baek...Baek...တောင်းပန်...ပါတယ်။ Baek ကိုခွင့်လွှတ်ပေးပါ။ Baek ...လေ Baek...
မျက်ရည်လေးတွေက Baek ဆိုတဲ့ကောင်မလေးရဲ့ မျက်လုံးအိမ်ကနေ အတားအဆီးမရှိကျဆင်းလာပြီ။ ဒါတောင် Baek ကတော့ Yeol ကိုအဆက်မပြတ် တောင်းပန်နေတယ်။ Yeol မကြားနိုင်ပေမယ့်ပေါ့။
သူ့ဘေးနားက Tao ဆိုတဲ့ကောင်မလေးကလည်း ဘာလုပ်ပေးရမှန်းမသိပေမယ့် သူ့ရှေ့မှာငိုနေတဲ့ Baek ကို ဖက်ထားပေးပြီးကျောလေးကိုပွတ်သပ်ပေး နေတယ်။Baekတစ်ယောက်အငိုတိတ်သွားမှဘဲ အကြောင်း အရာအစုံကို အတိအကျသိရတဲ့ Tao ကလည်း Baek ကိုသနားမိနေတယ်။ Baek ကတော့ ဘယ်သူမှမမြင်ရတဲ့ ဒဏ်ရာတွေနဲ့ယူကြုံးမရဖြစ်နေပြီ ပေါ့။
Tao : Baek...korea ပြန်ပါလား။သူနဲ့ပြန်သွားတွေ့ ပေါ့။
Baek : Baek...Baek...သူနဲ့ပြန်တွေ့ဖို့ယုံကြည် ချက်မရှိဘူး။သူကို Baek မရင်ဆိုင်ရဲဘူး။ Baek...
ခုထိဆက်တိုက်ငိုနေတာ Baek ရဲ့မျက်လုံးလေးတွေ လည်းနီရဲပြီးဖောင်းအစ်လို့။