နောက်နေ့ဆေးရုံမှာ Baek ကိုလာကြည့်ကျတော့ မျက်နှာပြူးမျက်စံပြူးဖြစ်သွားတဲ့သူက Hunhan... မနေ့ကထိအဆင်မပြေဖြစ်နေတဲ့သူတွေက ခုကျတော့ များ Kai က Soo ပခုံးကိုဖက်ထားပြီး Soo ကတော့ Kai ရဲ့ခါးကိုအလိုကိသင့်ပြန်ဖက်လို့။နောက်လက် တစ်ဖက်က သစ်သီးခြင်းလေးကိုကိုင်ပြီး မျက်နှာမှာ အပြုံးလေးကိုယ်စီနဲ့ပေါ့။
Hun : Ya,မင်းတို့နှစ်ယောက်ဘယ်လိုဖြစ်တာလဲ။
Lu က မျက်လုံးပြုံးလေးနဲ့
Lu : Hun,Lu မျက်စိရှေ့မှာမြင်နေတာ အိမ်မက်လား။တကယ်လား။ lu ကိုရိုက်ကြည့်ပါလား။
Hun ကတော့ ဒီလိုအခွင့်အရေးကိုအသုံးချပြီး Kaisoo နဲ့ Baek ရှေ့မှာ lu ရဲ့နှုတ်ခမ်းကိုနမ်းလိုက် တယ်လေ။ အဲ့ချိန်မှ Lu တစ်ယောက်အသိပြန်ဝင်ပြီး
Lu : Ya,နင့်ကို ရိုက်ကြည့်ခိုင်းတာလေ။ဘာလို့ လာ နမ်းတာလဲ။
Sehun : ဘာဘဲဖြစ်ဖြစ်ကိုယ့်သမင်လေး အခုအသိုပြန်ဝင်လာတာဘဲလေ။အိမ်မက်မဟုတ်ဘူးဆိုတာကို။
သူတို့နှစ်ယောက်ကိုကြည့်နေတဲ့ Kaisoo ကတော့
Kai : Ya,Oh sehun, မင်းကငါ့တို့နှစ်ယောက်ကို အသုံးချနေတာမလား။
Sehun : ဘာဘဲဖြစ်ဖြစ်ပေါ့။ ဟှောင့်။မင်းလာဦး။ ငါ့ကိုပြောတုန်းကဖြင့်...
Sehun စကားမဆုံးသေးဘူး။ Kai တစ်ယောက် Sehun ပါးစပ်ကို အလင်းထက်မြန်တဲ့အလျင်နဲ့ ပိတ်လိုက်ပြီး
Kai : Soo,lu နဲ့နေပြီး Baek ကိုဂရုစိုက်လိုက်နော်။ ကိုယ် Sehun နဲ့ ခဏအပြင်သွားလိုက်ဦးမယ်။
အခန်းထဲမှာကျန်ခဲ့တဲ့ Lu နဲ့ Soo ကတော့ သူ့တို့ ကောင်လေးတွေကိုကြည့်ပြီး အပြုံးကိုယ်စီနဲ့ပေါ့။
Soo : Baek,နေကောင်းသွားပြီလား။
Baek ဆီက ခေါင်းညိမ့်တာမှတစ်ပါး တစ်ခြားဘာ လှုပ်ရှားမှုကိုမတွေ့ရပေ။
Soo : Baek,Soo အကုန်သိသွားပြီ။သိလား။ ဘာလို့ Soo ကိုမပြောဘဲတစ်ယောက်တည်း ခံစားနေကျတာလဲ။Soo ကတော့ဘာမှမသိဘဲ...
မျက်ဝန်းတွေမှာမျက်ရည်တွေနဲ့ပြည့်နေတဲ့ SOO ကို lu ကတော့နှစ်သိမ့်တဲ့အနေနဲ့ပုခုံးလေးကိုကိုင်ထား တာ ပေါ့။ဒါပေမယ့်အခု Soo ဝမ်းနည်းတာထက် Lu ကတော့ပိုတာပေါ့။