လူတွေမှာ ဘဝတစ်ခုဆီကိုပိုင်ဆိုင်ခွင့်ရတာခြင်းတူပေ မယ့် ဘဝပန်းချီကို ရသပေါင်းစုံနဲ့ခံစားပြီး ဆေးရောင် ခြယ်ရတာ တကယ့်ကိုပင်ပန်းပါတယ်။ တစ်ချို့တွေ ကတော့ အေးအေးဆေးဆေးနဲ့ စုတ်ချက်လေးကို တစ်ချက်တစ်ချက်စီဆွဲပြီးလိုချင်တာကို ဖြူ၊နီ၊ပြာ၊ဝါ ရောင်စုံလေးတွေနဲ့ခြယ်ကြတယ်။ တစ်ချို့ကျတော့ လိုရာပန်းတိုင်ရောက်ဖို့ကြမ်းတမ်းတဲ့စုတ်ချက်တွေနဲ့ အနက်၊အနီ၊မီးခိုးရင့် လိုအရောင်တွေနဲ့ အစပျိုးခဲ့ရတာ တွေလည်းရှိတယ်။တစ်ချို့ကျတော့ အစပိုင်းမှာလှပ အသက်ဝင်ခဲ့ပေမယ့်...............
Baek နဲ့ Yeol ရဲ့ပန်းချီကားလေးကကော အဆုံးသတ်မှာ ညီညာသေသပ်တဲ့ စုတ်ချပ်ပန်ချီးကား ဖြစ်မှာလား။ဒါမှမဟုတ် အဖြေကနက်နဲရှုပ်ထွေးတဲ့ ပန်းချီကားဖြစ်မှာလား။
(အမယ်။ရေးနေချိန် ရှင်မဟာရဠသာရတွေဝင်စားလား မသိ။ခေါင်းထဲမှာဘာတွေလျှောက်ပေါ်လာမှန်းမသိ)
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်
Baek ကလည်း ညတိုင်း Yeol ကိုဘာလို့မှန်းမသိ၊ စောင့်နေခဲ့သလို Yeol ကလည်းညတိုင်းမပြတ် သူ့ duty လေးကိုကျေပွန်စွာထမ်းဆောင်တာပေါ့။အခု ချိန်မှာသူ အားလုံးကိုမေ့ထားပြီး 'အစ' ဆိုတဲ့ စကားလုံးလေးနဲ့အတူအားလုံးကိုပြန်စနေတယ်။ သူ့ကို မမှတ်မိလည်း ကိစ္စမရှိပါဘူး။အားလုံးကိုပြန်စမယ်လို့ လည်းစိတ်ပိုင်းဖြတ်ထားတာကြောင့်လည်းပါတာပေါ့။########
Kaisoo Hunhan တိုင်ပင်ပြီးနောက်ဆုံးတော့လည်း Yeol ကိုသွားပြောပြကြဖို့ ဆုံးဖြတ်လိုက်တယ်။အခု ချိန်လောက်သွားပြောရင်အဆင်ပြေလောက်ပါတယ်။ Baek ကလည်းနောက်နှစ်ရက်၊သုံးရက်ဆိုဆေးရုံက ဆင်းတော့မှာဆိုတော့...
သူတို့တွေ Yeol ရှိတဲ့ Department ကိုစုပြီးသွား ကြတယ်။ Yeol နားနေခန်းထဲမှာနားနေတုန်း
Nurse 1 : Dr.Yeol ဧည့်သည်တွေရောက်နေ တယ်။သူငယ်ချင်းတွေလို့ပြောတယ်။
Yeol's P.O.V : သူငယ်ချင်း???ဟုတ်သားဘဲ Hun တို့လားမသိဘူး။သူတို့နဲ့မတွေ့တာတော်တော့် ကိုကြာသွားပြီဘဲ။
Yeol : Nae...အခုသွားလိုက်ပါမယ်။
Yeol အတွေးလေးတစ်စစနဲ့ထွက်သွားတော့ ထင်ထားတဲ့ အတိုင်းပါဘဲ။ Kaisoo နဲ့ Hunhan ... Yeol ကတော့ Kaisoo ကိုကြည့်ပြီးထူးဆန်းသွား တာတော့အမှန်ဘဲ။သူ Kai နဲ့ နောက်ဆုံး Club မှာ အချေအတင်ဖြစ်တုန်းက Kai က Soo နဲ့ပြတ်သွားပြီ ဆိုပြီး၊ ခုကျတော့ ဘာပြသာနာမှမရှိတဲ့ အတိုင်းဘဲ။