Baek Yeol နဲ့အတူ Hunhan,Kaisoo ကိုနှုတ် ဆက်ပြီး ထွက်သွားခဲ့ပြီ။သေချာတာပေါ့။Yeol ပေးထားတဲ့ ဖုန်းနဲ့စာလေးကိုလက်မှာမြဲနေအောင်ကိုင် သွားရင်းပေါ့။
Yeol ကတော့ Baek ရဲ့ကျောပြင်လေးကိုကြည့်ရင်း Sehun ကတော့သူ့ရဲ့ပုခုံးကိုဖက်ပြီးအားပေးနေတာ ပေါ့။
Yeol airport ကနေ Baek စီးသွားတဲ့ လေယာဉ် လေးထွက်သွားတာကိုမော့ကြည့်နေလိုက်တယ်။ လေယာဉ်ထွက်သွားတာသေချာတော့မှ သက်ပြင်း လေးချလိုက်တယ်။
Yeol's P.O.V : Baek...မင်းနဲ့ကိုယ်နောက်တစ်ခါ သေချာပေါက်ပြန်တွေ့မယ်နော်။အခုလို Dr.Yeol နဲ့ Baek ဆိုတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘဲ မင်းချစ်ခဲ့တဲ့ Yeol နဲ့ ကိုယ်ချစ်နေတဲ့ Baek အနေနဲ့ပေါ့။
Kai : Yeol-ya,Fighting...
Yeol : Komawa...ဖုန်းဆက်ပေးတာလည်း Komawa...မင်းတို့ baek သွားမှာကိုအစောကြီးက တည်းကသိနေတာလား။
Soo : Yeol-ya,Miyan...ငါတို့လည်း...
Yeol : arnyiya...kwinchanar... ဘာဘဲဖြစ်ဖြစ် ငါသူကိုတွေ့လိုက်ရသေးတာဘဲ။
Soo : Miyanhae...
Yeol : kwinchana...ကယ်ကယ်။ငါတို့သူငယ်ချင်း တွေ union ဖြစ်ပြီဆိုတော့ breakfast သွားစားရ အောင်။
ဟုတ်တာပေါ့။ခုချိန် Baek ထွက်သွားတာက Yeol ရဲ့နှလုံးသားတစ်ခုလုံး ဗလာဖြစ်သွားသလိုဘဲလေ။ ဒါပေမယ့်လည်း သူ့ကြောင့် သူ့သူငယ်ချင်းတွေနေရ ထိုင်ရခက်မှာစိုးလို့ Yeol အပြုံးတုလေးနဲ့ စကားလမ်း ကြောင်းပြောင်းလိုက်တယ်။
##########
Baek လည်း Yeol ပေးထားတဲ့ စာလေးနဲ့ဖုန်းလေး ကိုအိပ်ထဲထည့်ရင်းသူမရဲ့ခုံနံပါတ်လေးကိုရှာနေမိတယ်။ အော်...တွေ့ပါပြီ။သူ့ ခုံနံပါတ် C-5B ။ Baek ခုံလေးမှာဝင်ထိုင်လိုက်တယ်။Baek လည်း သူ့ကို Yeol မှာထားတဲ့အတိုင်း လေယာဉ်မထွက်သေးလို့ ဖုန်းလေးကိုမထုတ်ဖို့လုပ်ပေမယ့် ပေးထားတဲ့စာလေး ကိုဖောက်ဖွင့်ဖို့လုပ်တော့
Girl : ဟို...အထဲဝင်မလို့။လမ်းနည်းနည်းလောက် ဖယ်ပေးပါလား။
(Baek က window seat မဟုတ်တဲ့ဘက်မှာထိုင် တာဆိုတော့ အဲ့ကောင်မလေးကအဲ့ဘက်ကိုဝင်ဖို့ ခွင့်တောင်းတာနော်။Hehe...character တစ်ခုထပ်ထည့်မယ်နော်။)