ဝုန်းခနဲအသံကျယ်ကြီးတစ်ခုဟာ ရှင်(န်)ဝါ အမျိုးသားကျောင်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
" နီခီ ဟေ့ကောင် အသာလုပ်ပါ .. ဟိုအစ်ကိုကြီးကြောက်ပြီး မတ်တပ်တောင်မရပ်နိုင်တော့ဘူး "
" ဟားဟားဟား သူက အကောင်သေးပေမဲ့အဆိပ်တော်တော်ပြင်းတာ ..ငါ့အာပါးကို ဘယ်လိုတောင် ပိုင်းလုံးလုပ်ခဲ့လဲဆိုတာ မင်းတို့မသိဘူးနော် .. ငါ့ထက် သုံးလေးနှစ်လောက်ပဲကြီးတဲ့သူကို ငါကအာပါးဆိုပြီး ဘယ်လိုတော်ရမှာလဲ "
" အေးကွာ ရုပ်လေးကြည့်ရင်တော့ ဖြူဖြူစင်စင်မျက်နှာလေးနဲ့ ... သူများသားဖကြား ဝင်ပြီးဒုက္ခပေးတဲ့ကောင်လို့တောင် မထင်ရဘူး "
" တကယ့် မြေခွေးပေါက်စ "
ကြမ်းပြင်ထက် ခွေခွေလေးပုံကျလျက်သားရှိနေသည့် မြေခွေးပေါက်ဆီသို့ ခြေစုံချမိတော့ မော့ကြည့်လာသည့် အကြည့် ... အဲဒီ အကြည့်မျိုးဟာ နီခီ သိပ်မုန်းပြီး သိပ်ကိုရွံရှာစက်ဆုပ်ရသော အကြည့်မျိုး ။
" ဟေး ~ ကင်(မ်)ဆောနူးရှီ ... ခင်ဗျား အဲဒီမျက်နှာပေးမျိုးနဲ့ ဆက်ပြီးကြည့်နေမယ်ဆိုရင် ဘာတွေဖြစ်လာမယ်ဆိုတာ သိမယ်မလား "
အဖြေပြန်ပေးမလာသည့် အဲဒီနှုတ်ခမ်းပါးတွေကို သူ ဘာလုပ်ပစ်ရမလဲ .. အဲဒီလို အေးတိအေးစက်ပုံစံတွေကို သိပ်မုန်းသည် ။ ထိုသူ၏ ပါးနှစ်ဖက်အား လက်မနှင့်လက်ညှိုးဖြင့် ခပ်ကြမ်းကြမ်းညှစ်ကာ မျက်နှာအားမော့စေပြီး
" ပြန်မဖြေဘူးလား ခင်ဗျား ~ ဟမ် ... "
" ကိုယ် နာနေပြီလေ မင်းရဲ့ "
" ဟား...သိပ်ရယ်ရတာပဲ နာတယ် ဟုတ်လား ၊ ခင်ဗျားက အသားပဲနာရတာပါ ဒီကောင်က စိတ်နာရတာသိလား .. ခင်ဗျား ကျုပ်တို့မိသားစုထဲဝင်လာခဲ့တဲ့ အချိန်ကစပြီး ကျုပ်ရဲ့ကမ္ဘာကြီးပြိုလဲသွားရတာ သိရဲ့လား ... ကျစ် ... မဟုတ်ဘူး သိနေခဲ့တယ်မလား ၊ သိသိရက်နဲ့ရှေ့ဆက်တိုးလာတဲ့ ခင်ဗျားကို အသွေးထဲအသားထဲက မုန်းနေမိတာ ... အခု နာနေတယ်မလား ဆက်ပြီး သည်းခံနေလိုက် ၊ ခင်ဗျားအတွက် ရှေ့ဆက်ရမယ့်ရက်တွေက ငရဲလိုပူပြင်းခံစားရမှာမို့ "
YOU ARE READING
Beyond The Borderline
Fanfictionခင်ဗျားကို ကျွန်တော်သိပ်မုန်းတာပဲ ကင်(မ်)ဆောနူးရှီ !!! Nishimura Riki (니키) Kim Sunoo (김선우) 💛SUNKI💛