Pt . Nine

545 44 9
                                    

စင်မြင့်ထက်ဝယ် စုံတွဲကနေသည့် အတွဲငါးတွဲထဲမှာမှ စတုတ္ထမြောက်အတွဲလေးဆီသို့သာ နီခီရဲ့အာရုံတွေဟာအနည်ကျနေသည် ဆိုရမည်။ သူ့ရဲ့အကြည့်တွေခိုနားရာသည် ထိုစုံတွဲနှစ်‌ယောက်အနက် အမျိုးသားဖြစ်သူထံ၌ ဖြစ်တည်နေသည်။ တစ်ဖက်အမျိုးသမီးငယ်၏ သင်ပြလမ်းညွှန်ပေးမှုနှင့် ဤဒေသရှိရိုးရာအကကို အဆင်ပြေချောမွေ့စွာ ကနေနိုင်ပြီဖြစ်သည့် ထိုသူ။ ချစ်စရာကောင်းသည့်မျက်နှာလေးထက် အပြုံးလေးဆင်မြန်းကာ ကနေသည်မှာ မျက်နှာလွှဲပစ်ချင်စရာတစ်ကွက်မှပင် မရှိပါချေ။ ကြည့်နေရင်း တစ်ဖက်မိန်းကလေးနှင့်အတင်းကပ် ကပ်သွားသည်ကိုတော့ နီခီအနေဖြင့် ဘဝင်မကျလှပေ။ အောက်မှ ပရိသတ်ကလည်း ထိုစုံတွဲကပြဖျော်ဖြေမှုကို သဘောကျသည်ထင် တစ်ခဲနက်အားပေးကြလေသည်။ ကပြဖျော်ဖြေပြီးသည့်အခါမှာတော့ အမျိုးသားငယ်တစ်ဦးသည် ခရာမှုတ်ကာပွဲကို ပိတ်သိမ်းလိုက်ပြီဖြစ်သည်။ ကင်(မ်)ဆောနူးတစ်ယောက်လည်း သူ့ထံသို့ရောက်လာလေပြီဖြစ်သည်။







“ ကဲ ပျော်လား ကင်(မ်)ဆောနူးရှီ ”

“ အင်း အရမ်းပျော်ဖို့ကောင်းတယ် ”

“ လှေသွားစီးကြမလား ”

“ ဘယ်မှာစီးမှာလဲ ”

“ လိုက်ခဲ့ သိလိမ့်မယ် ”








လှေစီးကြမည့်နေရာသည် ဝေးဝေးလံလံမဟုတ် Polynesian Cultural Center ထဲရှိရေကန်ကျယ်ကြီးထက်တွင် ဖြစ်သည်။ လှေစီးကြသူတွေလည်း တစ်ယောက်မှမရှိသည်ကြောင့် အနည်းငယ်တိတ်ဆိတ်နေသည် ။ ညနေခင်းပိုင်းထက် မနက်ပိုင်းတွင် လာရောက်စီးကြသူ များသည်ထင်။




အသက်ကယ် အင်္ကျီလေးတွေဝတ်ကာ ကနူးလှေတစ်စီးငှားရမ်း၍ ရေကန်ပြင်ကြီးထက် စတင်လှော်ခတ်လာကြသည်။ ပထမပိုင်းတွင်တော့ ကနူးလှေကလေးမှာ လှော်ခတ်သူတို့၏မကျွမ်းကျင်မှုကြောင့် ရှေ့သို့မသွားဘဲ တဝဲလည်လည်ဖြစ်နေပေမဲ့ များမကြာမီအချိန်တွင်တော့ စတင်ထွက်ခွာနိုင်ပေပြီ။ လှေငယ်လေးဟာ တရွေ့ရွေ့ဖြင့် ကန်ရေပြင်ထက် ဖြည်းညှင်းစွာရွေ့လျားနေသည်။






‌နီခီတစ်ယောက် နောက်မှလှေကိုကြိုးစားလှော်ခတ်နေသော်လည်း ရှေ့မှထိုသူကတော့ ရေထဲလက်ကလေးတွေထည့်ကာ ကစားနေလေသည်။ အနီရောင်အသက်ကယ်အင်္ကျီရဲရဲဟာ ထိုသူနဲ့မှ အလွန်တရာလိုက်ဖက်နေသည့်ပုံပေါ်သည်။ ဘောင်းဘီတိုကလေးဟာ ထိုင်နေသည်ကြောင့် ပေါင်ရင်းအထိ လိပ်တက်နေပေသည်။ နီခီတစ်ယောက် ထိုပေါင်သားဖွေးဖွေးလေးတွေကိုကြည့်ကာ အူတွေယားမိသည်။

Beyond The BorderlineWhere stories live. Discover now