မနက်စောစောအိပ်ရာနိုးနေတဲ့ နီခီအတွက် ဒီနေ့အဖို့ လမ်းလျှောက်ထွက်ရန် အခွင့်အရေးရသွားသည် ဆိုရမည် ၊ အပျင်းတစ်ပြီး အိပ်ရာထဲမှာပဲနေတဲ့ရက်တွေမှာဆိုရင် ရေမိုးချိုးအဝတ်အစားလဲပြီး မနက်စာစားကာ ကျောင်းသို့သာထွက်လာရသည် ။ လမ်းလျှောက်ထွက်ရန် ပြင်ဆင်မှုပြီးသွားသည့်အခါမှာတော့ အောက်ထပ်သို့ဆင်းလာခဲ့သည် ။ ဘာရယ်မဟုတ် ထမင်းစားခန်းထဲကြည့်မိတော့ တကုပ်ကုပ်နှင့်ချက်ပြုတ်နေသောထိုသူ ။ ဘယ်လောက်တောင်အမြင်ကတ်ဖို့ကောင်းလိုက်တဲ့ မြင်ကွင်းမျိုးလဲ အိမ်ရှင်မ နေရာကို ရာရာစစယူထားရဲတယ်တဲ့လေ ။ အာပါးက အိမ်အကူခေါ်ပေးမည်ဟုပြောသည်ကိုပင် လက်မခံ ၊ အိမ်မှုကိစ္စတွေအားလုံး သူလုပ်ချင်ပါသည်တဲ့ သူ့ကိုယ်သူဘာထင်နေသည်မသိ ။ လာခဲ့တဲ့အဆင့်အတန်းကိုက အောက်ခြေအဆင့်အတန်းမို့ တန်ရာတန်ရာလုပ်ချင်သည်ဟု နီခီ စိတ်ထဲမှတ်ထားမိလိုက်သည် ။ ထိုသူကို နည်းနည်းမှအကောင်းမြင်မပေးနိုင်ပါ ။ ထိုသူ့အကြောင်းစဉ်းစားမိရုံနဲ့တင် ခေါင်းနောက်လာရသည်မို့ အပြင်သို့ ခပ်မြန်မြန်ထွက်လာခဲ့လိုက်တော့သည် ။
မနက်ခင်းစောစောမှာ ရှုသွင်းလိုက်ရတဲ့လေတွေက အရမ်းလတ်ဆတ်ပြီး စိတ်ကိုအေးချမ်းမှုရစေသည် ။ သူ့လို လမ်းလျှောက်ထွက်လာသူ တစ်ယောက်စ ၊ နှစ်ယောက်စလည်း ရှိသည် ။ ငယ်ငယ်တုန်းကတော့ အိုမားနဲ့အတူတူ မနက်တိုင်းလိုလို လမ်းလျှောက်ထွက်ဖြစ်သည် ။ လမ်းလျှောက်ပြန်လာလျှင် အိမ်သို့တန်းမပြန်ဘဲ ဆိုင်တစ်ဆိုင်တွင် မနက်စာဝင်စားတတ်ကြသည် ။ အိုမား မရှိတော့သည့် နောက်ပိုင်းမှာတော့ သူလဲ ပုံမှန် လမ်းလျှောက်မထွက်ဖြစ်တော့ပေ ။
တစ်နာရီကျော်ကျော်လမ်းလျှောက်ပြီးမှ အိမ်သို့ပြန်လာလိုက်သည် ။ အိမ်ထဲဝင်လျှင်ဝင်ချင်း သူ့ဆီသို့ အပြေးရောက်လာသည့်ထိုသူ ...
" ရေချိုးပြီးရင်စားဖို့ မင်းကြိုက်တတ်တဲ့ ငါးပေါင်မုန့်လုပ်ပေးထားတယ် ၊ ပြီးရင် နွားနို့ပူပူလေးနဲ့စားလိုက်နော် "
" မလိုဘူး အရှေ့ကဖယ် "
" ကိုယ်က မင်းအတွက် သီးသန့်လေးလုပ်ပေးထားတာကို .. ဦးကကျတော့ ငါးပေါင်မုန့်မှ မကြိုက်တာ "
YOU ARE READING
Beyond The Borderline
Fanfictionခင်ဗျားကို ကျွန်တော်သိပ်မုန်းတာပဲ ကင်(မ်)ဆောနူးရှီ !!! Nishimura Riki (니키) Kim Sunoo (김선우) 💛SUNKI💛