Pt . Eight

324 37 3
                                    

ရေပြင်ကျယ်ကြီးထက် အပျော်စီးသင်္ဘောလေးတစ်စီးဟာ လှုပ်လီလှုပ်လဲ့ ... ထိုသ‌င်္ဘောငယ်ဟာ ငါးမန်းကန်ကြီးဆီသို့ ဦးတည်လျက် ။





“ ငါးမန်းသေးသေးလေးတွေရောရှိလောက်မှာ ၊ အနီးကပ်ကြည့်ရမှာဆိုတော့တကယ် စိတ်လှုပ်ရှားစရာပဲ နော်ချာတိတ် ”

“ သူတို့ကိုမကြောက်ဘူးလား ခင်ဗျားကိုကိုက်စားသွားရင် ဘယ်လိုလုပ်မလဲ ”

“ သူတို့က ချစ်စရာကောင်းတဲ့သူတွေကို မကိုက်ဘူးတဲ့ ”

“ ဟင် လိပ်ကလေးလား ကိုယ့်ဘက်ကိုယက်နေတယ် ”

“ ဟီး ”




ငါးမန်ကန်ကြီးနားသို့ သ‌င်္ဘောငယ်လေးဟာ ဆိုက်ကပ်လာပြီဖြစ်သည်။ သင်္ဘောပတ်လည်သို့ ငါးမန်းများလည်း ချည်းကပ်လာလေပြီ ။

“ ချာတိတ် ဒီမှာကြည့်လိုက်ဦး ”

ငါးမန်းတွေကိုကြည့်ကာ ပြုံးပျော်နေသည့် ပိစိအနားတိုးကပ်သွားလိုက်သည် ။

“ ခဏနေ လုံးဝအနီးကပ်ကြီး ကြည့်ရတော့မှာ ခင်ဗျားရဲ့ ”

“ အတူတူဆင်းကြမယ်နော် ကိုယ်တစ်ယောက်တည်းဆိုရင်ကြောက်တယ် ”

“ အင်း အတူတူဆင်းပေးမယ် ”













ကပ္ပတိန်ကြီး၏လမ်းညွှန်မှုဖြင့် ငါးမန်းကန်ထဲသို့ ဝင်လာခဲ့ကြသည်။ လူခုနှစ်ယောက်လောက် အေးဆေးဝင်နိုင်သည့်သံလှောင်ချိုင့်ကြီးကို ရေထဲသို့ချထားကာ အကာအရံများထားရှိပြီး ရေကူးမျက်မှန်များတပ်၍ဆင်းကြရသည်။ ငါးမန်းများနှင့်အနီးကပ်တွေ့ရသည်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာတော့ကောင်းလှပေသည်။

သံတိုင်များနားသို့ ငါးမန်းတွေကပ်လာပြီဆို ကြောက်ချင်ဟန်ဆောင်ပြီး ချာတိတ်ရင်ခွင်ထဲသို့ ပြေးပြေးကပ်ရသည်မှာအမော ။ လှောင်ချိုင့်ကြီးထဲ တစ်ဆယ့်ငါးမိနစ်လောက်နေပြီးသည့်အခါ သင်္ဘောပေါ်သို့ပြန်တက်လာခဲ့ကြသည် ။

အပေါ်သို့ရောက်သည်နှင့် သူ့ကိုယ်ပေါ်သို့ တဘက်လေးလွှားပေးလာပြန်သည့် ချာတိတ်။ ချာတိတ်၏ ဂရုစိုက်မှုတွေကို သူသိပ်ပြီးမက်မောရပါသည်။ ခဏအကြာ ကပ္ပတိန်ကြီးက ကော်ဖီပူပူလေးတစ်ခွက်စီ ကမ်းပေးလာသည်။ နှစ်ယောက်သားဘေးချင်းယှဉ်ကာ အတူရပ်ပြီး ပင်လယ်ပြင်ကြီးကိုငေးနေမိသည်။ ရေထဲမှတက်လာသည်မှာ မကြာသေးတာမို့ နည်းနည်းလေးချမ်းစိမ့်စိမ့်ဖြစ်နေပေသည်။ ကော်ဖီပူပူ၏အကူအညီကြောင့်သာ ခံနိုင်ရည်ရှိသည် ပြောရပေမည်။ သူ၏အခြေအနေကို ချာတိတ်ရိပ်မိသည်ထင် ...  သူ၏နောက်ကျောဘက်မှနေရာယူကာ ခြုံထားသည့်တဘက်‌ကိုပါ တစ်ပါတည်းလွှမ်းခြုံ၍ သိုင်းဖက်ပေးထားသည်။ လက်ထဲရှိကော်ဖီခွက်လေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလျက် ရင်ခုန်သံတွေ ထွက်ကျမလာအောင် ချုပ်ထိန်းထားရသည်။ ဒီအနွေးဓာတ်လေးကို ဆောနူး အပိုင်လိုချင်မိလိမ့်မည်။

Beyond The BorderlineWhere stories live. Discover now