" အဲဒါ ဘယ်သွားကြမလို့လဲ "
" အော်...သားငယ် နိုးလာပြီလား အာပါး ခလေးကို ပန်းချီပြခန်းတစ်ခု လိုက်ပို့ပေးမလို့လေ "
" ကျွန်တော်လည်း လိုက်ချင်တယ် အာပါး ခဏလောက်စောင့်ပေးပါ "
" ဟုတ်ပါပြီ ... သားငယ်လေး ပြင်ဆင်စရာရှိတာ သွားပြင်ဆင်လေ အာပါးတို့စောင့်နေမယ် "
နှစ်ယောက်တည်း အချစ်ငှက်ငယ်လေးနှစ်ကောင် လုပ်နေခွင့်ကို ဘယ်လိုပေးရပါ့မလဲ ။ အကြောင်းပြချက်တော့ လာမပေးခိုင်းပါလေနှင့် ထိုသူကို အမြင်ကတ်သောအချက်တစ်ခုနဲ့တင် လုံလောက်ပြီမလား ။
" သားငယ်လေးက ခုနောက်ပိုင်း ခလေးအပေါ် အမြင်ကြည်လာပြီထင်တယ်နော် … ဒီလိုလေးမြင်ရတာ ဦးစိတ်ချမ်းသာလိုက်တာ "
ဆောနူးလည်း တကယ်ကို ဝမ်းသာမိပါသည် ။ အရင်လို သူ့ကို မခေါ်မပြော ၊ အဖက်မလုပ်တတ်တဲ့ အကျင့်လေးတွေ ၊ အပြုအမူလေးတွေ မရှိတော့တာကိုပဲ ကျေနပ်နေရပါသည်။ သူ့အပေါ် စိတ်ရင်းနှင့်ဆက်ဆံသည် ဖြစ်စေ ၊ ဟန်ဆောင်မှုသက်သက်ဖြင့် ချည်းကပ်လာသည်ဖြစ်စေ သူကျေကျေနပ်နပ်ကြီး လက်ခံမိပါမည် ။
နီခီတို့သုံးယောက်သား ပန်းချီပြခန်းထဲသို့ ဝင်လာခဲ့ကြသည် ။
ပန်းချီကို ဝါဿနာပါသည့် နီခီအဖို့ ပတ်ဝန်းကျင်ကိုမေ့ပြီး ပန်းချီကားများအပေါ်သာ အာရုံရောက်နေမိသည် ။
နီခီ၏စိတ်အာရုံကိုဖမ်းစားနိုင်ဆုံးသော ပန်းချီကားလေးတစ်ချပ် ... သာမန်နေဝင်ဆည်းဆာပုံတစ်ပုံပင်ဖြစ်သည် ။ နေလုံးကြီးဟာ ကမ်းခြေတစ်ခုရှိ ပင်လယ်ကြမ်းပြင်အောက် ငုံ့ဆင်းကာ ရေချိုးဆင်းသယောင်ယောင် ဆွဲထားသော ပန်းချီကားတစ်ချပ် ။ ဒီရှုခင်းမျိုးကို သူငယ်ငယ်ကတည်းက ရင်းနှီးခဲ့ဖူးသည် ။ ဟာဝိုင်အီမှ နေဝင်ဆည်းဆာဆို ပိုပြီးတိကျပေလိမ့်မည် ။ အဘယ်ကြောင့် တပ်အပ်ပြောနိုင်သလဲဆိုရင် သူ့ဘဝ၏ ပထမဦးဆုံးသော အလည်အပတ်သွားချင်ခဲ့သည့် ဒေသမှာ ဟာဝိုင်အီဖြစ်တာကြောင့်ပင် ။ ထိုဒေသနှင့် ပတ်သက်သမျှအရာရာကို သူအများကြီး လေ့လာခဲ့ဖူးသည် ။ ဟာဝိုင်အီနဲ့ ပတ်သက်သမျှကို သူစိတ်ဝင်စားမိသည် ။ ဟာဝိုင်အီကို ခရီးထွက်ဖို့ဆိုသည်မှာ နီခီတို့သားအမိနှစ်ယောက်၏ အိပ်မက်ကလေးပင်ဖြစ်သည် ။
YOU ARE READING
Beyond The Borderline
Fanficခင်ဗျားကို ကျွန်တော်သိပ်မုန်းတာပဲ ကင်(မ်)ဆောနူးရှီ !!! Nishimura Riki (니키) Kim Sunoo (김선우) 💛SUNKI💛