နီခီနှင့်ဆောနူးတို့၏ ဟာဝိုင်အီခရီးစဉ် ဒုတိယမြောက်ရက်
“ ဒီနေ့ရော ဘာတွေလုပ်ချင်သေးလဲ ချာတိတ် "
“ ဝိုင်ကီကီကျွန်းဘက်ကိုသွားကြမယ် အဲဒီမှာ တစ်ညအိပ်မယ် ”
“ ကောင်းပြီလေ ဒါဆိုကိုယ် အဝတ်အစားအပိုတစ်စုံယူခဲ့ရမှာပေါ့ ”
“ မယူခဲ့နဲ့ အဝတ်အစားလေးတစ်စုံလောက်တော့ ဝယ်ပေးနိုင်တယ် ”
နီခီ အမှန်တကယ် ပြောချင်သည့်စကားက ထိုကဲ့သို့မဟုတ်ခဲ့ပေ ။ ဆောနူးလိုအသားအရည်လှလှနဲ့ကောင်လေးကို ဒီဒေသရဲ့ ဟာဝိုင်အီရှပ်လေးရယ် ၊ ဘောင်းဘီတိုလေးတွေရယ် ပြီးတော့ slippers လေးရယ်ကို သူဆင်ပေးချင်တာဖြစ်သည် ။ နှုတ်ဖျားမှထွက်လာသည့် စကားလုံးတွေက ကြမ်းရှရှသာထွက်လာခဲ့သည်မို့ ။
“ အင်း ဝယ်ပေးလေ ဒါဆို ကိုယ်လည်းမင်းကို ဝယ်ပေးချင်တဲ့ ပစ္စည်းလေးရှိတယ် ”
“ ကျုပ်က လက်ခံတယ်ပြောလို့လား ”
“ ဟင် ချာတိတ်က ဒါတော့မတရားဘူးပေါ့ မင်းဝယ်ပေးတာကျကိုယ်လက်ခံရတယ် ၊ ကိုယ်ဝယ်ပေးတာကျ မင်းလက်မခံဘူး ”
“ ကဲ .. အဆင်သင့်ဖြစ်ပြီမလား သွားကြမယ် ”
“ ဟွန့် ”
ဝိုင်ကီကီ ဘတ်(စ်)ကားမှတ်တိုင်တစ်ခု၌ ခေတ္တခဏရပ်ကာစောင့်ပြီး တစ်အောင့်အကြာ ဘတ်(စ်)ကားဆိုက်ရောက်လာပြီဖြစ်သည်။ နှစ်ယောက်သားဘတ်(စ်)ကားပေါ်တွင် နေရာယူကာထိုင်ကြပြီး
“ ကင်(မ်)ဆောနူးရှီ ... ကားရပ်ခိုင်းရင် ဘယ်လိုရပ်ခိုင်းရမလဲ သိလား ”
“ အယ် ကိုယ့်ကိုများ အ တယ်ထင်နေလား ...ဟောဒီမှာမြင်လား ကြိုးတန်းလေး .. ဒီကြိုးတန်းလေးဆွဲပြီး အချက်ပြလိုက်ရင် ရပ်ပေးမှာမလား ... ဟမ် ကိုယ် တော်တယ်မလား မနေ့ညကမှ ဟာဝိုင်အီနဲ့ပတ်သက်တာလေးတွေ ရှာကြည့်ထားတာ ”
“ ဟက် ... ဟုတ်ပါပြီ ”
“ ဝိုင်ကီကီရောက်ရင် လက်လက်ဆောင်ပစ္စည်းအရောင်းဆိုင်လေးတွေ အရင်ဝင်ကြည့်ကြမလား ချာတိတ် ”
YOU ARE READING
Beyond The Borderline
Fanfictionခင်ဗျားကို ကျွန်တော်သိပ်မုန်းတာပဲ ကင်(မ်)ဆောနူးရှီ !!! Nishimura Riki (니키) Kim Sunoo (김선우) 💛SUNKI💛