Pt . Six

321 38 0
                                    


“ ဒီမှာအိပ်ခန်းနှစ်ခန်းရှိတယ် ခင်ဗျားကြိုက်တဲ့အခန်းရွေးလိုက် ကျန်တဲ့အခန်း ကျုပ်နေပေးမယ်  ”

“ ချာတိတ် အဆင်ပြေမယ့် အခန်းမှာနေလေ ကိုယ်က ဘယ်အခန်းဖြစ်ဖြစ် အဆင်ပြေတယ် ”

“ ကောင်းပြီလေ ဒီဘက် ဘယ်ဘက်ကအခန်း နေလိုက်မယ် ”

“ အင်း ဟုတ်ပြီလေ ဒါနဲ့ ညစာကို ကိုယ်ချက်ပေးရမလား ... ချက်ရမယ်ဆိုရင် ကိုယ် ဈေးသွားဝယ်ထားလိုက်မယ်လေ ”

“ ဟင့်အင်း အပြင်မှာစားမှာမို့ ခင်ဗျားလည်း ခဏနားတော့ ”

“ အင်း ”

ည‌နေပိုင်းမှာတော့ နီခီနဲ့ဆောနူးတို့နှစ်ယောက် မုန့်စားရန်အတွက် အပြင်ထွက်လာကြသည် ။ နေဝင်ဆည်းဆာကိုလည်း ကြည့်ချင်တာကြောင့် ကမ်းခြေနားရှိ စားသောက်ဆိုင်ထဲသို့ ဝင်ခဲ့ကြသည်။ ဗိုက်အတော်ဆာနေပြီဖြစ်တာကြောင့် စားကြသောက်ကြပြီးမှသာ ဝယ်စရာရှိတာဝယ်ကြမည် ။ အစားအသောက်များမှာ‌သည့်အချိန်တွင် နီခီကပဲ ဦးဆောင်၍သာမှာလိုက်သည် ။ အစားအသောက်လာမချခင်မှာ နီခီဘက်မှ ဆောနူးသို့စကားဆိုမိသည် ။

“ ကျုပ်ကြိုက်တာကိုပဲ မှာလိုက်တာမို့ ခင်ဗျားအဆင်ပြေမလား မပြေမလားတော့ မသိဘူးနော် ”

“ ချာတိတ်ကြိုက်ရင် ကိုယ်လည်းကြိုက်တယ် ”

“ ဟက် ... ခင်ဗျားသာ အာပါးရဲ့ အချစ်တော်လေး မဟုတ်ခဲ့ရင် ခင်ဗျားကို သိပ်ချစ်စရာကောင်းတယ်လို့ မြင်မိမှာ ”

“ ခုရော မြင်ပေးလို့မရဘူးလား ”

“ မြင်စေချင်တယ်လား ”

“ ဒါပေါ့ မင်းရဲ့ ”

“ လူတွေ ပုံ‌သေသတ်မှတ်ထားကြတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်ကြည့်ချင်လား ”

“ ကိုယ် .....”

“ တွေ့လား ခင်ဗျား သတ္တိမရှိပါဘူး ”



နီခီထံမှ ထိုစကားကြားလိုက်သည့် ဆောနူးမှာ တိတ်ဆိတ်ငြိမ်သက်သွားကာ စားသောက်ဆိုင်အပြင်ဘက်ရှိ ရှုခင်းလေးကိုသာ အကြောင်းမဲ့ငေးနေမိသည် ။ နီခီကတော့ ထိုသူရဲ့မျက်နှာကို ပေါက်ထွက်သွားမတတ် စိုက်ကြည့်နေခဲ့သည်လေ ။


Beyond The BorderlineWhere stories live. Discover now