Chapter 12 (U+Z)

1.3K 104 15
                                    

အခန်း (၁၂)

" အံမယ်.... ငါဝယ်ထားတဲ့ မုန့်တွေကို ဘာကိစ္စ ယူနေတာတုန်း... "

ဒယ်ဒီ့အသံကြောင့် ကောင်းခေတ္တရာ ရုတ်တရက် ရပ်လိုက်ပြီးမှ ဒယ်ဒီ့ကို နှုတ်ခမ်းဆူကာ ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည် ။

" အော်.. ဒယ်ဒီက ကိုယ့်သားကိုတောင်ကိုယ် မသထာဘူးပေါ့လေ... "

" အမယ်... အဲ့ဒါ မင်းစားမှာ မဟုတ်မှန်း ငါ သိသားပဲ... ပြန်မကြိုက်သေးတဲ့ crush ကို သွားပေးမလို့ မဟုတ်လား... စိတ်ချ... ဟိုက ပြန်ကြိုက်မှာ မဟုတ်ဘူး... "

ဒယ်ဒီ့စကားကြောင့် ကောင်းခေတ္တရာ မျက်နှာကြီးပင် ရှုံမဲ့သွားရသည် ။

" အမလေး... ဒယ်ဒီက ကိုယ့်ဘာသာကိုယ် ရည်းစားဦး အပစ်ခံရပြီးတော့... ကိုယ့်သားသမီးကို ကိုယ် လာဖဲ့နေတယ်... "

" ပစ်သွားတာ မဟုတ်ဘူးကွ... ဒီအတိုင်း ရှာလို့မတွေ့သေးတာပဲ... "

သားအဖနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖဲ့ရွဲ့နေကြပြီး စကားနာထိုးနေရင်းက ကောင်းခေတ္တရာ က ရှိသမျှမုန့်တွေ အကုန်လုံးကို ထည့်သွားလေတော့သည် ။

" တော်ပြီ... ဒယ်ဒီနဲ့ ပြိုင်မငြင်းတော့ဘူး... ခုလောက်ဆို ဖဲလ်နီလေးက ဗိုက်ဆာနေတော့မှာ.... သွားပို့ပေးရဦးမယ်... "

" အေးပါ အေးပါ... မွေးရကျိုးနပ်တဲ့သားလေး... ဒယ်ဒီ့အတွက်ဆိုပြီးတော့များ တစ်ခါမှ ဘာမှ ဝယ်မလာပေးဖူးတဲ့ သားလိမ္မာလေး... မုန့်ဖိုးကျ မှန်မှန်တောင်းဖို့ မမေ့တဲ့အပြင် အိမ်က မုန့်တွေပါ သယ်သွားသေးတယ်... "

အမှန်တော့ သားဖြစ်သူက သူ့ crush ဆီသွားတိုင်း မုန့်ဝယ်ဝယ်သွားတတ်မှန်း သိသောကြောင့် ဦးကောင်းမြတ်မောင် က သူ့သား သွားလျှင် ယူသွားလို့ရအောင် အိမ်တွင် မုန့်တချို့ ဝယ်ဝယ်ထားပေးခြင်းဖြစ်သည် ။

" ဒယ်ဒီ... ဒါနဲ့ အခု ဆေးရုံသွားတာ လိုက်ခဲ့ပါလား... လူနာလည်း သွားကြည့်မယ်... ပြီးတော့ သား ဒယ်ဒီ့ကို ဖဲလ်နီနဲ့လည်း မိတ်ဆက်ပေးမယ်လေ... ဖေဖေ့ ချွေးမလောင်းလျာလေးကို တွေ့ဖူးတယ် ရှိသွားတာပေါ့... သူက အခု သူ့သူငယ်ချင်း အဖေကို လူနာစောင့်ပေးနေတာ... စိတ်ထားလေးကလည်း ဘယ်လောက်တောင် လှလိုက်သလဲ ... ကြည့်ပါလား... "

The Little OmegaWhere stories live. Discover now