အခန်း (၃၈)
လျှံသုဥ်းသျှံ တစ်ယောက် ဖဲလ်နီ၏ အမှုကိစ္စအတွက် သူ့ကျောင်းနေဖက် ဖြစ်ခဲ့သော သူငယ်ချင်း ဖြစ်သူ ရှေ့နေကြီး မိုးမာန်ခ ကို အပ်ဖို့လုပ်ရလေသည် ။
မိုးမာန်ခ၏ ရုံးကို သူက သွားမည်လုပ်သော်လည်း မိုးမာန်ခ ကတော့ သူ့ကို မလာစေဘဲ အိမ်ကို လာခဲ့မည်ဟု ဆိုလာသည် ။
မိုးမာန်ခက လျှံသုဥ်းလျှံ အလုပ်ပြီးသည့်အချိန် ဖြစ်သည့် ညဘက်တွင် အိမ်သို့ရောက်လာခဲ့သည် ။
လက်ထဲတွင်လည်း စားစရာတွေ လက်ဆောင်တွေ ပါလာခဲ့သေးသည် ။" မာန်ခရယ်... ဘာလို့ ဝယ်လာတာလဲ... ငါက အလုပ်အပ်ရမယ့်သူဟာကို ငါက ပြင်ဆင်ထားရမှာပေါ့... "
" ရပါတယ်... လျှံရယ်... လျှံက တစ်ယောက်ထဲ နေတာဆိုတော့ စားစရာ သောက်စရာ တွေ လိုမှာပဲလေ... အဲ... "
မိုးမာန်ခက အနောက်ဘက်အခန်းက ထွက်လာသည့် သက်ထင်ခန့် ကို မြင်လိုက်လေတော့ ပြောလက်စ စကားတို့ ရပ်သွားကာ အိုးတိုးအန်းတန်း ဖြစ်သွားလေသည် ။
ဒီကောင်လေးက ဘယ်သူပါလိမ့် ။
သူ လွန်ခဲ့သည့် လ က လာလည်တုန်းကတောင် ဒီကောင်လေး ရှိမနေပေ ။" ကိုသုဥ်း... စားတော့မလား... ထမင်းအဆင်သင့်ရပြီ... "
" အော်... ဒါက လျှံ ခေါ်ထားတဲ့ အိမ်အကူ ကောင်လေးလား.... "
သူ့ကို ကြည့်ပြီး တင်တင်စီးစီး မေးလာသော ထိုသူ့ကို သက်ထင်ခန့် အကဲခတ်လိုက်သည် ။
လူပုံစံကတော့ ကြည့်သည်နှင့် Beta တစ်ယောက် ဖြစ်မှန်း သူ ခန့်မှန်းမိသည် ။
သို့သော် သူ့ကို ဒီလို နှိမ်ပြီး မေးလာသောကြောင့် သက်ထင်ခန့် ကလည်း အသံ ခပ်ပြတ်ပြတ်နှင့်ပင် ပြန်ဖြေလိုက်သည် ။" မဟုတ်ဘူးဗျ... ကျွန်တော်က ကိုသုဥ်းရဲ့ အထူးဧည့်သည်... ဒီအိမ်မှာပဲနေတာ... ဒါနဲ့ အကိုကြီးကကော ကိုသုဥ်းပြောထားတဲ့ Omega အဖြစ် ခွဲစိတ်မယ်ဆိုတဲ့ လူနာများလား... "
သူ့မေးခွန်းကြောင့် ထိုလူက ရှက်သွားပုံရပြီး မျက်နှာက နီရဲသွားလေသည် ။
" မဟုတ်ဘူးဗျ... အကိုက သူ့ သူငယ်ချင်း အမှုအတွက် အကူအညီတောင်းလို့ လျှံ့ဆီလာတာ... ဒါနဲ့ ကိုယ် ဒီအိမ်ကို မကြာမကြာ လာနေကျပါ... မင်းကို မတွေ့မိသလို လျှံကလည်း မင်းအကြောင်းပြောတာ မကြားမိပါဘူး... "