အခန်း (၁၃)
စေလွန်းရာ မျိုးရည်ထည့်ပြီးသည့် အချိန်တွင် ပြန်ထွက်လာတော့ စီနီယာက သူ့ကို ပြန်လိုက်ပို့မည်ဟု ဆိုလာသော်လည်း သူ လက်မခံလိုက်ပေ ။
" ရပါတယ်... စီနီယာ ... ကျွန်တော့်ဘာသာ ပြန်လိုက်ပါ့မယ်... "
" မဖြစ်ဘူးလေ... အခု ကိုယ့်မျိုးရည်က စေလွန်းရဲ့ မျိုးဥနဲ့ ရောစပ်ပြီး သားလောင်း စဖြစ်မယ့်အချိန်ဆိုတော့ အစစ အရာရာ ဂရုစိုက်ရမယ်လေ... "
စီနီယာက သူ့ကို စိုးရိမ်တကြီး ပုံစံဖြင့် ကြည့်ပြီး ပြောလာသည် ။
" မလိုပါဘူး စီနီယာရယ်... တခြား Omega တွေဆိုရင် ကိုယ်ဝန် နှစ်လကျော်လောက်မှ ကိုယ်ဝန်ရှိမှန်းသိကြတာတွေတောင် အများကြီးပါ... ဒါတောင် ဟိ မလာတော့မှ မသင်္ကါလို့ စစ်ကြည့်ရင်း သိကြတာတွေတောင် ရှိသေးတာ... "
သူက ပေါ့ပေါ့ပါးပါးပုံစံဖြင့်သာ ပြန်ပြောလိုက်သည် ။
" ဒါပေမယ့် ဒါက ကိုယ့်ရဲ့ ပထမဆုံး ကလေးလေး ဖြစ်လာမယ့် သန္ဓေသားလေးဆိုတော့ ကိုယ် စိုးရိမ်တယ်လေ... "
စီနီယာက သူ့ဗိုက်နေရာလေးကို လှမ်းကြည့်ရင်း ပြောလာလေသည် ။
သူ ပြုံးလိုက်မိသည် ။
ဒါက စီနီယာ့အနေနဲ့ သူ့သန္ဓေသားကို သူ စိုးရိမ်တာပဲ ။စီနီယာ၏ အပြုအမူက မသိလျှင် သူ့အပေါ် ဂရုစိုက်နေသယောင် ထင်ရသောကြောင့် အရင်ကလို အခြေအနေမျိုးသာဆိုလျှင် သူ မသိနားမလည်စွာဖြင့် ရင်ခုန်စိတ်လှုပ်ရှားနေမိဦးမည် ။
ယခုတော့ သူ စီနီယာနှင့် ပတ်သတ်ပြီး ဘာမျှော်လင့်ချက်မှ မထားချင်တော့ပေ ။
ထပ်လည်း နာကျင်ဖို့ အင်အားမရှိတော့ပါပေ ။" ရပါတယ် စီနီယာ... ကျွန်တော် ဝင်စရာလေးလည်း ရှိနေလို့ ကိုယ့်ဘာသာကိုယ် ပြန်လိုက်ပါ့မယ်... "
" ဘယ်ဝင်စရာ ရှိတာလဲ... ပြောလေ... ကိုယ် စေလွန်းကို လိုက်ပို့မှာပေါ့... "
စီနီယာက သူ့ကို ပြောနေစဥ်မှာပင် စီနီယာ့ ဖုန်းက အသံမြည်လာလေသည် ။
မှတ်ထားသည့် နာမည်ကို အမှတ်မထင် ကြည့်လိုက်တော့ အသည်းပုံ အီမိုဂျီလေးနှင့်မှတ်ထားခြင်း ဖြစ်သည် ။
သေချာပါတယ် ... စီနီယာ့ကို သူ့ချစ်သူ ဆက်တာ နေမှာပေါ့လေ ။