အခန်း (၄၁)
ရှိန်ထည်ဝါ တစ်ယောက် Ro ဖို့ အချိန်ပင် သိပ်မရလိုက်ရှာပါ ။
ခဏအကြာတွင် ဖဲလ်နီက ဆေးရုံကို အပြေးအလွှား ရောက်ချလာလေသည် ။
ဖဲလ်နီက စေလွန်းရာကို တွေ့သည်နှင့် ဝမ်းသာအားရ သတင်းမေးတော့သည် ။" လွန်းရယ်... နင်က မွေးမယ်ဆိုတဲ့ရက်ထက် နည်းနည်းစောသွားတာကိုး... ငါက နင့်မီးပုံးပျံကြီးကို နောက်အပတ်လောက်မှ လွှတ်မယ် ထင်နေတာ... "
ဖဲလ်နီက တွေ့သည်နှင့် ဗလွတ်ရွှတ်တွတ် ပြောတော့သည် ။
စေလွန်းရာ၏ ဗိုက်ကိုလည်း မီးပုံးပျံကြီးဟု မကြာမကြာ စနောက်တတ်သေးသည် ။ရှိန်ထည်ဝါ ကတော့ နှာခေါင်း ရှုံ့လိုက်သည် ။
အဲ့သည့် ဖဲလ်နီ ဆိုတဲ့ ကောင်လေးက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အမြင် မရှိလိုက်တဲ့ ကောင်လေးပါလား ။
သူဖြင့် ကိုယ်ဝန်ဆောင်သမျှ ဗိုက်ကြီးသည်များ အားလုံးထဲတွင် စေလွန်းလောက် လှသော ဗိုက်ကြီးသည်ကို မတွေ့ဖူးသေးပါ ။
ပြီးတော့ အပျိုဗိုက်ဆိုတော့ ဖောင်းဖောင်းကားကားကြီးလည်း မရှိပါဘူးဟ ။" ဖဲလ်နီရယ်... ငါက နင့်ကို မျှော်နေတာဟ... ငါ့သားလေးကို ကြည့်ပါဦး... ချစ်စရာ မကောင်းဘူးလား... "
ဖဲလ်နီက ပုခက်ထဲတွင် အိပ်နေသော ရှိန်လွန်းတေဇ လေးကို ကြည့်ပြီး သဘောတကျကျ ဖြစ်နေသည် ။
" ဟယ်... လွန်းရယ်... နင့်သားလေးက အချောဟဲ့... ကြီးလာလို့ Alpha လေး ဖြစ်မယ်ဆိုရင် ငါနဲ့ပေးစား... "
မဦးမချွတ်... သူကများ ငါ့သားကို မှန်းနေသေးတယ်ဟု တွေးကာ ရှိန်ထည်ဝါ ဖဲလ်နီကို ဝါးစားတော့မတတ် မျက်လုံးများနှင့် ကြည့်လိုက်သည် ။
ဖဲလ်နီတစ်ယောက် ရုတ်တရက် လေအေးတွေ အတိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး ကျောမလုံ ဖြစ်လာသည် ။" ဟဲဟဲ... စ... စတာနော်.... တကယ်မယူဘူး... သိလား... "
ဖဲလ်နီက ရှိန်ထည်ဝါ ဘက်ကို လှည့်ကြည့်ပြီး မျက်နှာချိုသွေးကာ တဟီးဟီး ရယ်ပြလိုက်ရသည် ။
သူ့မှာ သူငယ်ချင်းနဲ့ ဟာသပြောချင်တာတောင်မှ လွတ်လွတ်လပ်လပ် ပြောခွင့်မရှိတော့ဘူးလား ။
အဲ့သည့် ရှိန်ထည်ဝါကြီးက အရမ်း ကြူးတာပဲ ။
ပြီးတော့ အလုပ်မှာလည်း ဖဲလ်နီ၏ အထက်လူကြီးမို့ ဖဲလ်နီက နည်းနည်းတော့ ကြောက်ရသည် ။