အခန်း (၄)
မနက်ရောက်တော့ ဖဲလ်နီက အရင်နိုးလာခဲ့သည် ။
ထိုကောင်လေးကတော့ သူ့နဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်ဖြစ်သည် ။
ဖဲလ်နီ ထိုကောင်လေး မနိုးစေရန် ဖြည်းဖြည်းချင်း ထယူလိုက်သည် ။သူ့လှုပ်ရှားသံကြောင့် ကောင်လေးက နိုးလာလေသည် ။
မျက်လုံးဖွင့်ပြီးနောက် သူ့ကို မေးလာသည် ။" ခင်ဗျား နိုးပြီလား... "
" အင်း... တို့ပြန်တော့မယ်... မင်းလည်း ခဏနေရင် ပြန်တော့လေ... "
ပြန်တော့မယ် ဟူသော အသံကို ကြားတော့ ကောင်လေးက ချက်ချင်း ငုတ်တုတ်လေး ထထိုင်လိုက်ပြီး ဖဲလ်နီကို မေးလိုက်သည် ။
" အစောကြီးပဲ ရှိသေးတာကို... ပြန်တော့မလို့လား... "
" အင်းလေ... ပြန်တော့မယ်... "
" ဒါ...ဒါပေမယ့် ဒီနေ့က ပိတ်ရက်လေဗျာ... "
" ပိတ်ရက်ဆိုတော့ ဘာဖြစ်သလဲ... "
" ဟို... ဟိုလေ... မပြန်ခင် နောက်တစ်ကြိမ်လောက် မလုပ်ချင်ဘူးလား... "
ကောင်လေးက သူ့အောက်ကိုသူ ငုံ့ကြည့်ရင်း ဆက်ပြောလာသည် ။
" ဒီမှာ တွေ့လား... ကျွန်တော့် ညီလေးက အားအင် အပြည့် ဖြစ်နေတာ... "
ဖဲလ်နီက ခပ်ဟဟ ရယ်လိုက်ရင်း ထိုကောင်လေးကို ခေါင်းခါပြလိုက်သည် ။
" ဟင့်အင်း... တို့က မနက်ဘက် ဆက်ဆံရတာကို မကြိုက်ဘူး... "
" ဟင်... ဘာဆိုင်လို့လဲ... "
ကောင်လေးက သူ့ကို ဇဝေဇဝါ ကြည့်ပြီး မေးလာသည် ။
" မနက်ပိုင်း ဆိုတာ မင်္ဂလာ ယူရတဲ့အချိန်... လိင်ဆက်ဆံရတဲ့ အချိန်က ညတုန်းက ပြီးခဲ့ပြီလေ... "
ဖဲလ်နီက အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြန်ဝတ်နေသည် ။
ကောင်းခေတ္တရာ က ထိုဆံနီလေးကို နားမလည်နိုင်စွာ ကြည့်ရင်း မေးခွန်းဆက်ထုတ်နေမိသည် ။
" ဘာဆိုင်လို့လဲ... မနက်ပိုင်း လုပ်တာနဲ့ပဲ မင်္ဂလာ မရှိတာ ဖြစ်ရောလား... "
" ဒါက တို့ သတ်မှတ်ထားတဲ့ စည်းမျဥ်းပဲ... အဲ့တော့ တို့နဲ့ အိပ်တဲ့လူ မှန်သမျှ တို့ရဲ့ စည်းမျဥ်းကို လိုက်နာရတယ်... "