အခန်း (၄၀)
ဆေးရုံရောက်သည်နှင့် ရှိန်ထည်ဝါ ခမျာမှာ သူ့သားလေးကို အရင်မတွေ့ရ ။
သူ့အစ်ကိုဖြစ်သူ လျှံသုဥ်းလျှံ ၏ ဆီး၍ မြည်တွန်တောက်တီး ဟောက်ခြင်းကို ခံနေရလေတော့သည် ။" ငါရောက်တာ မြန်ပေလို့ပေါ့... မဟုတ်ရင် စေလွန်းရာ အတွက် ဘယ်လောက် အန္တရာယ် ရှိမလဲဆိုတာ တွေးကြည့်စမ်း... "
" အင်းပါ... သိပါတယ် ကောကောရာ... "
သူ လူနာခန်းထဲ ဝင်ဖို့လုပ်တော့ သူ့ကောကောက သူ့ကို ပေးမဝင်သေး ။
လူပျိုကြီးပီပီ သူ့ဂုဏ်သူ ဖော်ပြီး အမျိုးမျိုး အရစ်တွေ ရှည်နေသေးသည် ။" ငါ ရောက်သွားတော့ စေလွန်းရာက အသိတောင် ကောင်းကောင်း ရှိတော့တာ မဟုတ်ဘူး... "
" ကျွန်တော် မှားသွားပါတယ်ဆို ကောကောရာ... ဟုတ်ပြီလား... ကျွန်တော့်သားလေးကို ဝင်ကြည့်ပါရစေတော့... "
" နေဦး... မင်းဖုန်းက ဘာလို့ ခေါ်လို့မရတာလဲဆိုတာ ငါ့ကို ခိုင်လုံတဲ့ အကြောင်းပြချက်ပေး ... မပေးရင် ငါ မင်းကို ပေးမဝင်ဘူး.... "
.ရှိန်ထည်ဝါ သူ့ကောကောကို သူ ကြည့်ပြီး အမြင်တွေ ကပ်လာသည် ။
ကောကော မခေါ်သွားပေးလည်း မိညိုကို သူ အထပ်ထပ်အခါခါ သေသေချာချာ မှာခဲ့တာပဲလေ ။
မိညိုက ခေါ်သွားပေးမှာပဲဟာကို ။
ဒီလူပျိုကြီးက အရာရာတိုင်း သူက မရှိမဖြစ် အရေးပါနေသည်ဟု ထင်နေသလားမသိ ။သို့သော်လည်း မတတ်နိုင်ပေ ။
သားလေးကို ကောကောကပဲ ခွဲစိတ်ပြီး မွေးပေးခဲ့တာဖြစ်သည် ။
ဒီအချိန်မှာ သူ ဝင်သွားနိုင်ဖို့အတွက် ကောကောကို အဖြစ်မှန်တွေ အားလုံးကို တစ်လုံးမကျန် ပြန်ပြောပြရလေတော့သည် ။" အဲ့ ခွေးကောင်က တော်တော်ဆိုးတာပဲဟ... အဲ့တာကြောင့် မင်းကို ငါ ပြောခဲ့တယ် မဟုတ်လား... အဲ့ကောင်ကို ဟိုးအရင်ကတည်းက ဖြတ်ပါဖြတ်ပါ ဆိုတာလေ... "
" အင်းပါ... ဟုတ်ပါတယ်... ကောကောပြောတာ အကုန်မှန်ပါတယ်... ဟုတ်ပြီလား... ဝင်တော့မယ်နော်... ရပြီမလား... "
ရှိန်ထည်ဝါ က လျှံသုဥ်းလျှံ ကို စိတ်မရှည်သလို ပြောလိုက်တော့မှ လျှံသုဥ်းလျှံ က ဝင်ခွင့်ပြုတော့သည် ။
သို့သော် ပေးမဝင်ခင် မှာစရာ ရှိတာတော့ မှာလိုက်သေးသည် ။