*mine part 2*

352 46 3
                                    

"ဝှစ်.."

လှံရှည်တချောင်းက ကျမအနားကနေ ဖြတ်ပြီး
ယုန်ငယ်လေးဆီကို ပြေးဝင်သွားတာကြောင့်
shield spell တခုကို အမြန်ရွတ်လိုက်ရတယ်
လှံရှည်က လားရာပြောင်းပြီး အနောက်ကို
ပြန်ကွေ့သွားတယ်
ပစ်လွှတ်သူ သူ့ရဲ့ပိုင်ရှင်ဆီကို
ယုန်ငယ်လေးက ကြောက်လန့်နေတဲ့ပုံစံနဲ့
ကျမကို မော့ကြည့်နေတာကြောင့် ရင်ခွင်ထဲကို ကောက်ယူပွေ့ချီလိုက်တယ်

"ဘာမှ မဖြစ်တော့ဘူးနော် ယုန်ငယ်လေး
မကြောက်နဲ့တော့"

အဲ့ဒီအချိန်မှာပဲ ကျမအနားကို အမျိုးသမီးနှစ်ယောက်ရောက်လာတယ်
အင်း..နတ်ဘုရားမနှစ်ပါးလို့ပဲ ပြောရမလား

"အိပ်မက်တောအုပ်ထဲမှာ အမဲမလိုက်ရဘူး
ပြောထားတယ်မဟုတ်လား ဒိုင်ယာနာ"

ဒိုင်ယာနာက ငွေရောင်လေးနဲ့မြားကို ကိုင်ထားတယ်
သူ့ရဲ့ဘေးက နတ်ဘုရားမကတော့ လှံရှည်တချောင်းကို ကိုင်ထားတယ်
ခုဏက ယုန်ငယ်လေးကို လှမ်းပစ်လိုက်တဲ့လှံရှည်

"သူက ဘယ်သူလဲ Artemis
ဘာလို့ နတ်ဘုရားတပါးကို နာမည်တပ်ခေါ်နေရတာလဲ"

Artemis အာတိမစ်က ရာဇီရဲ့အဒေါ်ဖြစ်သူ Leto နတ်ဘုရားမနဲ့ Zeus နတ်ဘုရားက မွေးလာတဲ့ လနတ်ဘုရားမ(အမဲလိုက်နတ်ဘုရားမ
တောရိုင်းသတ္တဝါတွေရဲ့အရှင်သခင်မ)
နေနတ်ဘုရားအပိုလိုရဲ့ အမွှာအမ
ရာဇီရဲ့ ဝမ်းကွဲအမ
သူ့ရဲ့ အခြားအမည်က ဒိုင်ယာနာ
Artemis ကလည်း Athena လို အပျိုစင်နတ်ဘုရားမပါ

"ရာဇီတဲ့ demigod လေ
Asteria က မွေးလာတာ"
"တိုက်တန် နတ်ဆိုးမင်းသမီးလား"
"..."

ကျမ ပြန်မဖြေတော့ပဲ ယုန်ငယ်လေးကို ခြုံထဲလွှတ်လိုက်ပြီး သူတို့နှစ်ယောက်ကို ကျောခိုင်းလိုက်တယ်

"နေဦး"
"ဘာလဲ"
"မင်းက Athena အသီနာနတ်ဘုရားမကို အခုလိုဆက်ဆံရဲတယ်ပေါ့"
"အဲ့တာက မှားလို့လား"
"Artemis ရဲ့ ညီမသာမဟုတ်ရင် ဒီနေရာမှာပဲ
ပြာကျသွားနိုင်တာ သိတယ်မဟုတ်လား"
"ဇုနတ်ဘုရားအားကိုးနဲ့ အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား အသီနာနတ်ဘုရား
ဒီအိပ်မက်တောအုပ်က ကျမပိုင်နက်ပါနော်
ဒီတောအုပ်ရဲ့သခင် ကျမချမှတ်ထားတဲ့စည်းကမ်းကို ဒီတောအုပ်ထဲရောက်လာတဲ့ ဘယ်သူမဆို လိုက်နာရမှာ သူ့တာဝန်ပဲ
ပြီးတော့ ကျမ ရှင့်ကို မကြောက်ဘူး စစ်နတ်ဘုရား"

*mine*(complete)Where stories live. Discover now