*mine part 6"

266 34 2
                                    

တိမ်ကင်းစင်တဲ့ဆောင်းညက သာနေတဲ့လရောင်နဲ့ တောက်ပနေတယ်

"ရာ ဗီးနပ်ကို လွမ်းလို့လား"
"ဘာလို့လဲ selene သူ့ကို ဘာလို့လွမ်းရမှာလဲ"
"ရာက လကိုမြင်တိုင်း ငေးကြည့်ပြီး တယောက်ယောက်ကို လွမ်းနေတတ်တယ်မဟုတ်လား"
"အဲ့တာက ဗီးနပ်တော့ မဖြစ်နိုင်ဘူးလေ"
"ရာ မမှတ်မိဘူးပဲ"
"ဘာကို မှတ်မိရမှာလဲ"

selene ဆိုတာက titan moon goddess
တိုက်တန်လနတ်ဘုရားမ
သူမက သူ့ရဲ့ရထားနဲ့ လကိုဆွဲပြီး ကမ္ဘာမြေပေါ်ကို အလင်းပေးတယ်
လူသားတွေကို အိပ်စက်စေပြီး အိပ်မက်တွေကို မက်စေတယ်
သူ့ရဲ့ညီမ Eos က အရုဏ်ဦးရဲ့ဘုရားမ
သူ့အကို Helios က နေနတ်ဘုရား
သူတို့ကို တိုက်တန်နတ်ဘုရားတွေဖြစ်တဲ့ Hyperion နဲ့ Theia က မွေးဖွားလာတယ်
Hyperion က ကောင်းကင်ဘုံအလင်းနဲ့ စောင့်ကြည့်ခြင်းတိုက်တန်နတ်ဘုရား
Theia က မြင်ကွင်းနဲ့ အမြင်ဆိုင်ရာတိုက်တန်နတ်ဘုရားမ

"ရာ ငယ်ငယ်ကနေ အခုထိ တယောက်ယောက်က ရာ့အနားမှာ အမြဲရှိနေသလို ခံစားခဲ့ရတယ်မဟုတ်လား"
"guardian angel ဖြစ်မှာပေါ့ selene
ရာက demigod ဆိုတော့ စောင့်ရှောက်‌ပေးဖို့ လိုတယ်လေ"
"ရာသိတယ်မဟုတ်လား
ရာ့ရဲ့မိခင် Asteria ကို ဇုနတ်ဘုရားက သိပ်ချစ်တယ်ဆိုတာ"
"ဒါဆို ရာ့ကိုလည်း ချစ်မယ်ဆိုတဲ့သဘောလား
လူသားတယောက်ရဲ့သွေးသားကိုလေ"
"ဟုတ်တယ် ရာ
ဇုနတ်ဘုရားက ရာ့ကို ချစ်ပါတယ်
ဒါပေမယ့် သူစိမ်းလူသားတယောက်ရဲ့သွေးသားဆိုတော့ အပြည့်အဝမစောင့်ရှောက်နိုင်ခဲ့ဘူး
ဒါကြောင့် Nyx တ‌ယောက်ကို ရာ့ကိုစောင့် ရှောက်ပေးဖို့ တာဝန်ပေးခဲ့တယ်"
"ဒါပေမယ့် ဘယ် Nyx ကိုမှ ရာမမြင်ဖူးဘူး"
"ဘာလို့လဲဆိုတော့ ရာ့ဆီရောက်လာခဲ့တာက
ဗီးနပ်လေ သူကိုယ်တိုင် ရာ့ကို စောင့်ရှောက်ချင်ပါတယ်ဆိုပြီး တောင်းဆိုခဲ့တာ"
"ဒါပေမယ့် ဘာလို့လဲ"

ဘာလို့ အစောပိုင်းကတည်းက ကျမရှေ့ကို ရောက်မလာခဲ့တာလဲ

"သူက ရာ့ရဲ့ guardian angel မဖြစ်ချင်ဘူးလေ
ရာ့အနားမှာပဲ ရှိချင်လို့"
"ဒါပေမယ့်.."
"ရာ တကယ်မရိပ်မိဘူးလား
အိပ်မက်တောအုပ်ကို အခုလိုပန်းဥယျာဉ်ဖြစ်လာအောင် ဘယ်သူလုပ်ပေးတယ်ထင်လဲ"
"Elpis.."
"Elpis က ပန်းတွေပဲ ယူလာပေးတာ ရာရဲ့
တကယ်တမ်း ရာဖြစ်ချင်တဲ့ဆန္ဒတွေအတိုင်း
လုပ်ပေးနိုင်တာက aphrodite တယောက်တည်းပဲရှိတာ လှပခြင်းနဲ့အချစ်ရဲ့နတ်ဘုရား မွေးဖွားခြင်းနဲ့ရှင်သန်ခြင်းကိုလည်း ဖြစ်စေတယ်
ပြီးတော့ သူ့ရဲ့သင်္ကေတက နှင်းဆီလေ
အဲ့တာကြောင့် အိပ်မက်တောအုပ်မှာ နှင်းဆီပင်တွေ တအားများတာ"

*mine*(complete)Where stories live. Discover now