Episode-10(Final part)

753 101 22
                                    


Unicode
.
.
.
"သားငယ်... အခုဖြစ်နေတဲ့ပြသနာနဲ့ပတ်သတ်ပြီး မေမေတို့ကိုဘယ်လိုဖြေရှင်းချက်ပေးချင်လဲ "

ယောက္ခမလောင်းတွေနဲ့ ပထမဆုံးတွေ ့ရသည့် Taehyungအတွက်ရာသီဥတုသည် သိပ်အခြေအနေမဟန်ပါ။
CEOရဲ ့မိဘနှစ်ပါးလုံး၏အကြည့်တွေသည် ကိုယ့်အပေါ် အလွန်တရာစိမ်းသက်နေ၏။
စိုးရိမ်ကြောင့်ကြစိတ်တွေကြောင့် ပင့်သက်ရှိုက်ရသည်မှာလည်း ခဏခဏ။

"မေမေတို့ကြားထားတဲ့သတင်းကအမှန်တွေပါပဲ၊ Taehyungကသားချစ်သူပါ "

"မင်းမေမေတို့ကို တမင်အရှက်ခွဲနေတာလားသားရယ်၊ ကိုယ့်ကုမ္ပဏီကဝန်ထမ်းကိုမှရွေးပြီးချစ်ရကြိုက်ရသလား... အသိုင်းအဝိုင်းထဲ မျက်နှာမပြရဲအောင် လုပ်နေတာလား သားငယ် "

အဆင့်အတန်းခွဲခြားသည့်စကားတွေထွက်လာသည့်အခါ Hoseokသည် မယုံနိုင်သလိုလေးမေမေ့ကိုမော့ကြည့်၏။
တစ်ဆက်တည်းTaehyungကိုလည်းအားနာသွားကာ ဘာလုပ်ရမယ်မှန်းမသိ။
သူရွေးချယ်ထားသည့်သူကို မိဘတွေသဘောမကျတာမျိုးဖြစ်လိမ့်မယ်ဟု မတွေးထားခဲ့ဖူးတာလည်းပါလိမ့်မည်။

"တစ်သက်လုံးတစ်ကိုယ်တည်းနေလာခဲ့ပြီးမှ အခုမှဘာထဖြစ်ရတာလဲ၊ ဒီလိုလူမျိုးကိုရွေးချယ်ပြီး သားငယ်‌အောင်မြင်နိုင်မယ်ထင်နေတာလား "

"ဒီလိုလူမျိုး ဒီလိုလူမျိုးနဲ့ Taehyungကိုနှိမ့်ချတဲ့စကားမျိုးတွေမပြောပါနဲ့၊ သားမကြိုက်ဘူး။
Taehyungကမေမေတို့ထင်သလို နိမ့်ကျတဲ့လူမျိုးလည်းမဟုတ်ဘူး၊ ကိုယ့်စွမ်းကိုယ်စနဲ့အရည်အချင်းရှိတဲ့ လူတော်တစ်ယောက် "

သူTaehyungကိုကာကွယ်ပေးသည့်အခါ မေမေကစိတ်ပျက်သလိုအကြည့်လွှဲသွား၏။

"သူလူတော်ဖြစ်တာကိုအဖေစိတ်မဝင်စားဘူး၊ အခုသူ့ကြောင့်ငါ့သားသိက္ခာကျနေတာပဲ အဖေစိတ်ဝင်စားတယ်။
အခုကြည့်စမ်း သားနဲ့သူရဲ ့သတင်းကြောင့် အဖေတို့မိသားစုဘယ်လောက်အရှက်ရပြီး မင်းကုမ္ပဏီရှယ်ယာဈေးတွေထိုးကျနေလဲ။
ဒါသူနဲ့ပတ်သတ်လို့ အဖေတို့အတွက်ပထမဆုံး ထိခိုက်မှု၊ ရှေ့ဆက်တိုးရင် ဒီ့ထက်ပိုဆိုးကုန်မှာ "

"Kim Taehyungကငါ့ချစ်သူ"Where stories live. Discover now