Episode-7

672 109 39
                                    

Unicode

မျက်နှာချင်းတူတဲ့လူနှစ်ယောက်အပေါ် ခံစားချက်တွေသည် ထပ်တူညီစွာရှိနိုင်ပါ့မလား။
ရင်ခုန်‌သံလေးနဲ့ဝေးကွာနေသည့်အချိန်မလို့ ချစ်သူနှင့်ရုပ်ချင်းတူတဲ့CEOအပေါ် စိတ်ယိုင်နေတာပါလို့တွေးမိပေမယ့်...
နည်းနည်းလေးတောင်ကွဲပြားမနေသည့် ခံစားချက်တွေသည် ထိုလူသားနှစ်ဦးနဲ့တွေ့တိုင်းတူညီစွာထွက်ပေါ်လာ၏။

ချစ်သူအပြင်တခြားသူအပေါ် စိတ်ရှိနေခြင်းက ဖောက်ပြန်ခြင်းရဲ့လမ်းစဖြစ်နေတာမလား။
ရင်ခုန်သံလေးအပေါ်အားနာလွန်းလို့ ဖုန်းတောင်မဆက်ရဲတော့။
သို့သော်ငြားသိပ်လွမ်းနေရသည့်အခါ massageလေးတော့ အားတင်းကာပို့ရပါသည်။

💌အရမ်းလွမ်းနေတယ်...
💌ကိုယ့်ကိုယ်ကိုယ်သေချာဂရုစိုက်...
💌 Jaejuကပြန်ရောက်တာနဲ့ အပြေးလေးလာတွေ့မယ်...

ပို့ချင်တာလေးတွေပို့ပြီးသည့်အခါ ‌ကြည်နူးမှုကြောင့်အပြုံးတွေသည် ထိန်းမရ။
စိတ်အာရုံတွေထွေပြားနေလို့ ဘယ်လိုပင်စိတ်ညစ်နေပါစေ၊ ချစ်သူ၏ဖုန်းနံပါတ်လေးမြင်ရရုံနဲ့တင် အရာရာဟာဘာမှမဟုတ်ခဲ့ပေ။

ရင်ခုန်သံလေးဆီကreplyပြန်မယ့် အချိန်ကိုမျှော်ရင်း စားပွဲပေါ်က,စားစရာတွေကို ထိုင်စားရင်းအချိန်ကုန်နေလိုက်သည်။
စားပွဲပေါ်တင်ထားခဲ့သည့် CEO၏walletထဲမှ တစ်ချက်တစ်ချက်မီးလင်းလာတာကို သတိထားမိပေမယ့် ကိုယ့်ဟာမဟုတ်တော့ စိတ်မဝင်စားမိ။

အချိန်တစ်ခုထိကြာလာသည့်တိုင် ပြန်ရောက်မလာသေးတဲ့CEOကို စိုးရိမ်မှူတွေသည် တထိတ်ထိတ်။
ဟိုလူကလည်း လုပ်ငန်းကိစ္စဆွေးနွေးမယ်ဆိုပြီးချိန်းခဲ့ပြီးမှ ဘာကိစ္စသီးသန့်စကားပြောရအောင်ဆိုပြီး CEOကိုခေါ်ထုတ်သွားမှန်းမသိ။
မျက်လုံးတွေကိုကြည့်လိုက်တာနဲ့ ထိုလုပ်ငန်းရှင်ဆီမှ ကောင်းတဲ့အငွေ့အသက်တွေရမနေတာမလို့ CEOကိုတကယ်စိတ်မချပါ။
Mr.Leeဆိုတာ ဟိုတယ်လုပ်ငန်းရှင်တွေထဲမှာ အအောင်မြင်ဆုံးဖြစ်ပြီး၊ အရှုပ်အရှင်းတွေနဲ့လည်း နာမည်ကြီးတက်သူမလို့ စိတ်မချမိတာ Taehyungအလွန်မဟုတ်။

မနေနိုင်တော့သည့်အခါ ဟိုလူခေါ်ထုတ်သွားသည့် ဟိုတယ်ဝန်းထဲရှိပန်းခြံသို့သွားကာ လိုက်ရှာရသည်။
သိပ်မကျယ်လွန်းသည်မို့ အများကြီးရှာ‌စရာမလိုပဲ ခုံတန်းတစ်ခုမှစကားပြောနေကြသည့် နှစ်ယောက်ကိုအဝေးကနေပဲ လှမ်းအကဲခတ်နေလိုက်သည်။
မသိစေချင်လို့ သီးသန့်စကားပြောကြမယ်ဆိုပြီး ထွက်သွားသည့်သူနောက်ကို ဒီလိုလိုက်ကြည့်တာက စပ်စုသလိုဖြစ်နေနိုင်ပေမယ့် အမှန်တကယ်အဲ့လူနဲ့CEOကိုစိတ်မချတာကြောင့်ပင်။

"Kim Taehyungကငါ့ချစ်သူ"Où les histoires vivent. Découvrez maintenant