Episode 6

712 110 61
                                    

Unicode

မြင်နေကြကောင်းကင်ပြာကြီးအစား လိုက်ကာဖြူတွေကြားက စိမ်းစိမ်းစိုစိုသစ်ပင်တွေကိုကြည့်ရင်း ငေးငေးငိုင်ငိုင်။
ကိုယ့်အိမ်မဟုတ်မှန်းသိပေမယ့် ထုံနေသည့်ဦးနှောက်ကြောင့် ဘယ်ရောက်နေမှန်းမစဉ်းစားနိုင်တော့။
ဒါဟာlimitကျော်အောင် သောက်ခဲ့မိတဲ့အကျိုးဆက်ကြောင့်ပင်။

တစ်ကိုယ်လုံးနစ်ဝင်မတက် ပျော့အိနေသည့်အိပ်ရာနှင့် အနွေးဓာတ်လေးသည်သိုင်းချုံနေတာကြောင့် အေးချမ်းနေမှုသည် စိတ်ကျေနပ်စေ၏။

"အွန်း~~"

လူးလွန့်လာသံနဲ့အတူ ခါးထက်ကတင်းကျပ်မှုကြောင့် အသက်ရှူအောင့်လျက်သားနဲ့ပင် ငြိမ်သက်နေရသည်။
အိမ်မက်လား၊ တကယ်လားမကွဲပြားသည့် အခြေအနေမှာ နောက်ကျောဘက်ကိုလည်းလှည့်မကြည့်ရဲ။

"ကိုယ့်ချစ်သူလေး နိုးလာပြီလား "

စိမ်းသက်တဲ့အခေါ်ဝေါ်နဲ့ ရင်းနှီးနေသည့်ဩရှရှအသံသည် ဂုတ်ပိုးသားများကိုနမ်းရင်း ထွက်ပေါ်လာတာကြောင့် ရင်ထဲတအေးအေး။

"Tae! Taehyungလား "

"ဟုတ်ပါ့ဗျာ၊ Kim Taehyungပါဗျ "

ပုံမှန်အချိန်ဆို Taehyungရင်ခွင်ထဲထည့်ကာ တယုတယပွေ့ဖက်ခံရခြင်းကို အပျော်လွန်ကာထခုန်မိလောက်ပေမယ့်...
ယခုအချိန်မှာတော့ ဒီအခြေအနေကြီးကိုနားမလည်နိုင်စွာ သူသည်ကြောင်အလျက်သား။

"လွှတ်ပါ!! လွှတ်ပါဦးTaehyung!! "

စိတ်ရှုပ်လာတာကြောင့် ရုန်းနေမိပေမယ့် ပဲ့ကိုင်ရှင်လေးကတော့ ပိုတိုးလို့ပွေ့ဖက်မြဲသာ။

"မလွှတ်နိုင်ဘူး၊ ကိုယ်ချစ်သူကိုယ်ဖက်တာ ဘာဖြစ်လဲ၊ ငြိမ်ငြိမ်နေစမ်းပါhobiရယ်...
ကိုယ်ချစ်မဝလို့ပါ~~"

ချစ်မဝလို့ပါ~~~

ဒီစကားလုံးတစ်ခုတည်းနဲ့ချုပ်ကိုင်သွားသူလေးသည် အသက်ရှူကြပ်လောက်အောင် ပွေ့ဖက်နမ်းရှုံ့မှုတွေမှာလည်း မရုန်းနိုင်အောင်စွမ်းဆောင်၏။
မျက်ဝန်းညိုတွေနဲ့တိုက်ခိုက်ကာ ပဲ့ကိုင်ရှင်လေး၏နှုတ်ခမ်းတွေ နဖူးပြင်ပေါ်မှာအခြေချလျှင် တစ်လှပ်လှပ်ဖြစ်လာသည့်ခံစားချက်သည် ရင်ခုန်လှိုက်မောခြင်း။

"Kim Taehyungကငါ့ချစ်သူ"Hikayelerin yaşadığı yer. Şimdi keşfedin