Episode-4

614 93 28
                                    

Unicode

"Jeon Jungkook!! "

ဒုန်း!!

အော်သံကျယ်နဲ့အတူ‌ အခန်းတံခါးကိုဆောင့်ဖွင့်ကာဝင်လာသည့် ချစ်သူလေးကြောင့် မောင်'သည် ဆော့လက်စဂိမ်းကိုပစ်ချကာ သတိအနေထားနဲ့ မတ်တပ်ရပ်မိသွားသည်။

နီမြန်းနေသည့်မျက်နှာနုနု‌နဲ့ ငိုထားပုံရသည့်မျက်လုံး‌ရဲတွေသည် ပြသနာတစ်ခုခုရှိလာပုံရပြီး ကိုယ့်အားရင်ပူစေ၏။

"အသဲ..."

"မထိနဲ့!! ဝေးဝေးနေစမ်း..."

ဘာဖြစ်လာတာလဲ'ဆိုပြီးမေးမလို့ ပုခုံးလေးကိုထိရုံရှိသေး အော်ထုတ်တဲ့သူကြောင့် ဝမ်းနည်းစိတ်ကလေးသည် ထင်းကနဲပေါ်လာ၏။
ဒီလိုကိုယ့်အပေါ်မာထန်နေပုံပေါက်ရင် အခုဖြစ်လာသည့်ပြသနာ၏အရင်းခံဟာ ကိုယ်ပဲဖြစ်လိမ့်မည်ဖြစ်တာကြောင့် ဦးနှောက်ကိုအလုပ်ပေးပြီး အသဲ,အပေါ်ဘာမှားထားတာရှိလဲဆိုတာ အသည်းအသန်ရှာဖွေရသည်။

အာ...ဟုတ်ပြီ။
လက်ခနဲဖြစ်သွားသည့် အသိဉာဏ်နဲ့အတူ ကိုယ်နေ့လည်ကဖုန်းဆက်ဖို့မေ့ခဲ့တာကို သတိရ၏။

ပုံမှန်ဆို အသဲနှင့်မတွေ့ဖြစ်သည့်နေ့တွေမှာ မနက်‌၊နေ့လည်၊ည တစ်နေ့သုံးခေါက်ဖုန်းဆက်ဖြစ်ကြ၏။
သို့သော်ဒီနေ့အပေါင်းအသင်းတွေနဲ့ လောင်းကြေးထပ်ကာ rankအရင်တက်တဲ့သူအနိုင်ဆိုပြီး အကြိတ်အနယ်ရှင်ပြိုင်ခဲ့ခြင်းမှာ အနိုင်ရရှိခဲ့ပေမယ့် အကျိုးရလဒ်ကတော့ ချစ်သူကိုဖုန်းဆက်ဖို့မေ့ပြီး အခုလိုစိမ်းကားတာကိုခံနေရခြင်းပင်။

"အသဲ...‌မောင်ကလေ တမင်တကာဖုန်းမဆက်တာမဟုတ်ပါဘူး၊ အလုပ်တွေရှုပ်နေတာနဲ့ သတိလက်လွတ်ဖြစ်သွားမိတာ။
မောင်တကယ်တောင်းပန်ပါတယ်...မောင့်ကိုစိတ်မဆိုးပါနဲ့ "

"ကိစ္စမရှိပါဘူး၊ အရေးတကြီးအလုပ်ကိစ္စတွေနဲ့ရှုပ်နေတဲ့မင်းက အရေးမပါတဲ့ငါ့ကိုဖုန်းဆက်ဖို့မေ့သွားတာလောက်ကို ဒီအရေးမပါတဲ့လူက ထွေထူးပြီး စိတ်ဆိုးအကြောင်းမရှိဘူး "

"ဟောဗျာ...ဘာတွေအဲ့လောက်စိတ်ဆိုးနေတာလဲ အသဲရယ်..၊
မောင့်ဘဝမှာ Park Jiminဆိုတဲ့ ဟောဒီ့ချစ်သူလေးလောက် အရေးကြီးတာဘာမှမရှိတာလည်းသိရဲ့သားနဲ့ဗျာ၊ ဖုန်းဆက်ဖို့မေ့တယ်ဆိုတာကလည်း ဟိုကောင်တွေနဲ့ချိန်းဆော့နေတာဆိုတော့....
အသဲ,သိတယ်မလား သူတို့ကဆရာကြီးတွေဆိုတော့ အလုအယက်နိုင်အောင်ဆော့ရင်းနဲ့~~"

"Kim Taehyungကငါ့ချစ်သူ"Hikayelerin yaşadığı yer. Şimdi keşfedin