Episode-8

847 112 83
                                    

Unicode

ပြွတ်စ်!!

ဟန်မြစ်ကမ်းရှိလူကွယ်သည့်အပင်ကြီးကြီးအောက်တွင် အနမ်းတိုက်ပွဲဆင်နေကြသူနှစ်ဦးသည် အရာရာကိုမူးမူးမေ့မေ့။
Jaejuကပြန်ရောက်တာနဲ့ ချစ်သူပူ‌ပူနွေး‌နွေးလေးနဲ့ first dateဖြစ်ပြီး၊ first kissကိုမှတ်မှတ်ရရဖြစ်အောင် ကြိုးစားပန်းစားပုံဖော်နေကြသည်မှာ လျှာဖျားတွေပင်မီးပွင့်တော့မတက်။

နှစ်ဦးလုံးကအတွေ့အကြုံမရှိပေမယ့် ညဦးပိုင်းdramaတွေမှာ အမြင်နဲ့သင်ယူနေကြTaehyungသည်တော့ နီလုံးလုံးခေါင်းလေးကိုထိန်းကိုင်ကာ ချယ်လှယ်နေ၏။

"မောလိုက်တာTaehyungရယ်၊ အတင်း‌တွေနမ်းနေတာပဲ "

နှစ်ဦးသဘောတူအကြင်နာပေးခဲ့ပြီးမှ သူမဟုတ်သလိုမျက်နှာထားလေးနှင့် အပြစ်ဖွဲ့လာသူသည် ပါးလေးနှစ်ဖက်ကရဲတက်လို့။
Lips glossတင်ထားသလို နီသွေးကြွကာဖောင်းရဲနေသည့် ပြောင်တင်းတင်းအသဲပုံနှုတ်ခမ်းလေးကိုကြည့်ရင်း မညာတမ်းဝန်ခံရရင်ထပ်နမ်းချင်လာသည်။

ခုနကနမ်းတုန်းကတောင် Hobiကအင်တင်တင်နဲ့ခေါင်းငြိမ့်ခဲ့ရှာတာ။
မဝံမရဲစိတ်လေးနဲ့ ထပ်ခွင့်တောင်းဖို့ပြင်မိပေမယ့် Taehyungကလောဘကြီးတယ်ဆိုပြီး ရင်ခုန်သံလေးငြိုငြင်သွားရင် နှလုံးသားအနာဖြစ်လိမ့်မည်။
နမ်းလည်းနမ်းချင်တယ်၊ ခွင့်တောင်းဖို့ကိုလည်းမရဲတော့ မြစ်ပြင်ကျယ်ကြီးကိုကြည့်ရင်း ငူငူငိုင်ငိုင်။
နှုတ်ခမ်းလွှာလေးတွေက ‌ဂျယ်လီလေးဝါးရသလို အိအိလေးနဲ့ချိုနေခဲ့တာကို။
နှုတ်ခမ်းလေးကို ဝါးစားချင်လိုက်တာ Hobiရယ်...။

ဘေးနားကသူကတော့ ကိုယ့်ဝေဒနာကိုမသိသလို အိပ်တန်းတက်ရန်ပျံနေသည့် ငှက်လေးတွေကို vdရိုက်ရင်းသာယာနေလေသည်။
ပြုံးနေသည့်နှုတ်ခမ်းထက်ကမှဲ့လေးကို တွေ့သည့်အခါ ပိုပိုနမ်းချင်လာသည်။

မရတော့ဘူး...နမ်းကိုနမ်းရမှဖြစ်မယ်!!
ဒီဓာတ်ဆာမှမရရင် Kim Taehyungဒီနေရာမှာတင် ကိစ္စပြတ်သွားလိမ့်မယ်။

Hobi၏ပန်းနုရောင်ဒူးပေါ်ဘောင်းဘီလေးသည် ထိုင်လိုက်တော့ ပေါင်တံသွယ်သွယ်တွေထိတိုတက်သွားသည်။
ထိုပေါင်တံလေးတစ်ဖက်ကို လက်ချောင်းရှည်တွေနဲ့ ထိကိုင်လိုက်သည်နှင့် တုန်ရီသွားတဲ့ခန္ဓာကိုယ်လေးနဲ့ လှည့်ကြည့်လာသည့်မျက်ဝန်းအိမ်လေးတွေသည် ကိုယ့်မျက်လုံးမှာအဆုံးသတ်သည်။

"Kim Taehyungကငါ့ချစ်သူ"Opowieści tętniące życiem. Odkryj je teraz