Episode -9

540 103 37
                                    

Unicode
.
.
.
"ကျွန်တော်CEOကိုချစ်တယ် "

"Tae... Taehyungဘာတွေပြောနေတာလဲ "

"မကြားလိုက်ဘူးလား၊ ချစ်ပါတယ်ဆိုတာကို "

စိတ်မရှည်သလိုTaehyungသည် နှုတ်ခမ်းလေးဆူကာ ပုခုံးပေါ်ကိုခေါင်းလေးမှီပစ်၏။
အမျိုးစုံနေသည်ခံစားချက်တွေ ယှက်ပြေးနေရလွန်းလို့ ရင်အစုံဟာလည်းမောဟိုက်လို့လာပြီ။
Taehyungရဲ့အပြုအမူများကို ဘယ်လိုနားလည်ပြီး မည်သို့မည်ပုံလိုက်ခံစားရမှန်းမသိတော့ချေ။

"မချစ်ဘူးလားCEO၊ ကျွန်တော့်ကိုမချစ်ဘူးလား "

အခုအပြုအမူတွေက ကိုယ်သူ့ကိုသဘောကျနေမှန်းသိလို့ ကစားဖို့ရောက်လာတာလား...
ဒါမှမဟုတ် hobiကိုစိတ်ကုန်သွားလို့အသစ်ရှာနေတာမျိုးလား။
အတွင်းရေးမှူးဆီက ယခုလိုဆက်ဆံခံနေရတာကိုစိတ်ဆိုးဖို့မအား ပေါင်ပေါ်တင်ထားနေရသည့် ခန္ဓာကိုယ်ကိုပြုတ်မကျစေဖို့ ခါးတစ်ဖက်ကိုထိန်းကိုင်ကာ ကြိုးစားထိန်းနေရင်းနဲ့ အဖြေကိုစဉ်းစားနေရသည်။
ဘာလုပ်သင့်လည်း ဘာဖြစ်နေမှန်းသူမသိတော့၊ သူ့စိတ်ထဲရှိတာKim Taehyungတစ်ယောက်သာ။

"ကျွန်တော့်ကိုချစ်တယ်မလား "

ခေါင်းအသာငြိမ့်ပြသည့်အခါ Taehyungကခပ်ရဲ့ရဲ့ရယ်၏။
ဒါဟာလှောင်ပြုံးဆိုတာ မထီတထီအကြည့်တွေက နားလည်အောင်ပြောပြပေးနေသည်။

"ကျွန်တော်ကစတာပါ၊ CEOလိုပုံစံမျိုးကိုချစ်စရာလား။
ကျွန်တော့်မှာရည်းစားရှိတယ် "

"Taehyung!! "

ကိုယ့်ပေါ်မှာထိုင်ကာ အနီးအကပ်ဆုံးအနေထားနှင့်ရှိနေသူ၏မျက်နှာသည် အကဲခတ်လို့မရလောက်အောင် အရောင်အမျိုးမျိုးဖြတ်ပြေးနေ၏။

"CEOကျွန်တော့်ကိုသဘောကျတယ်ဆို တစ်ညလောက်အတူဖြတ်သန်းကြည့်ချင်လား၊ ဘယ်သိနိုင်မလဲ ညလေးတစ်ညကိုအတူဖြတ်သန်းရင်းနဲ့ ကျွန်တော်ချစ်သူကိုမေ့ပြီးတော့ CEOကိုချစ်ရင် ချစ်သွားနိုင်တာပဲကို "

"Kim Taehyung!! ငါ့မေတ္တာတွေက ဒီလိုစော်ကားခံရဖို့မဟုတ်ဘူး "

ဘာတွေကြောင့် သူဒီလိုဖြစ်နေမှန်းမသိပေမယ့် စကားလုံးတွေသည်စည်းဘောင်ကျော်ကာထိုးနှက်လာတာကြောင့် ဝမ်းနည်းစိတ်ကလေးနဲ့ မျက်ရည်တစ်ပေါက်သည် ပါးပြင်ပေါ်သို့ လွင့်ကနဲ။
အချစ်ရဆုံးသူဆီမှ ဒီလိုစကားမျိုးကြားရသည့်အခါ နှလုံးအိမ်သည်အက်ဆစ်နဲ့အပက်ခံရသလို တမြေ့မြေ့နဲ့ပူလောင်ကာ ကြွေကျတော့မလို။
အကြောင်းပြချက်က ရည်းစားရှိနေတဲ့သူကိုချစ်မိနေလို့ဆိုရင်တောင် အဲ့ရည်းစားကကိုယ်ကိုယ်တိုင်ပဲလေ။
ဒါကိုဘာလို့ဒီလိုအပြောခံနေရတာလဲ။

"Kim Taehyungကငါ့ချစ်သူ"Donde viven las historias. Descúbrelo ahora